မျက်ကန်းမျိုးချစ်ဝါဒနှင့် နယ်မြေချဲ့ထွင် ရေးဝါဒများကို ဆန့်ကျင်ကြောင်း ရှမ်းပြည် တိုးတက်ရေးပါတီ SSP/SSA ထုတ်ပြန် 

၂၀၂၄ ၊ ဇန်နဝါရီ ၃၁
    မျက်ကန်းမျိုးချစ်ဝါဒနှင့် နယ်မြေချဲ့ထွင်ရေးဝါဒများကို ဆန့်ကျင်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (ှSSP/SSA) က ဇန်နဝါရီ ၂၉ ရက်စွဲ ဖြင့် ထုတ်ပြန်ခဲ့သည်။
    ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်၏ ဗဟိုကော်မတီမျက်နှာ စုံညီ ၂၀၂၃ နှစ်ချုပ် အစည်းအဝေးကြီးမှ ရှမ်းပြည်တိုးတက်ရေးပါတီ၏ အထွေထွေ လုပ်ငန်းစဉ်တွင် ချမှတ်ထားသော မူဝါဒအတိုင်း အာဏာရှင်စနစ် (Autocracy)၊ မဟာလူမျိုးကြီးဝါဒ (Chauvinism) နှင့် နယ်မြေချဲ့ထွင်ရေးဝါဒ (Expansionism)တို့ကိုဆန့်ကျင်ပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအခြေခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်မှသာလျှင် အေးချမ်းသာယာပြီး ကမ္ဘာနှင့်ရင်ပေါင်တန်း နိုင်သောဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုတည် ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒ၊ ကျဉ်းမြောင်းသော အမြင်ရှိသည့် မျက်ကန်းမျိုးချစ်ဝါဒနှင့် နယ်မြေချဲ့ထွင် ရေးဝါဒများကိုဆန့်ကျင်သော မိတ်ဆွေများနှင့်ပူး ပေါင်းချီတက်သွားမည်ဟူ၍ SSP/SSA က ထုတ်ပြန်ခဲ့ သည်။
    ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ဗဟိုကော်မတီမျက်နှာစုံညီ ၂၀၂၃ နှစ်ချုပ်အစည်းအဝေးကို ၂၀၂၄ ခု နှစ် ဇန်နဝါရီလ ၂၀ ရက်မှ ၂၉ရက် အထိ  SSP/SSA ဗဟိုဌာနချုပ်၌ အောင်မြင်စွာကျင်းပခဲ့ပြီး ဗဟိုကော်မတီမျက်နှာစုံညီ ၂၀၂၃ နှစ်ချုပ်အစည်းအဝေး ထုတ်ပြန်ကြေညာချက်အဖြစ် ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။ ယင်းအစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး ဆေထင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဗဟိုကော်မတီဝင် ၂၃ ဦး၊ အရန်ဗဟိုကော်မတီဝင် ခြောက်ဦးနှင့် တပ်ကိုယ်စားလှယ် ၁၂၅ ဦး၊ နယ်ဘက်အုပ်ချုပ်ရေးဘက် ကိုယ်စား လှယ် ၄၈ ဦး၊ ဗဟိုဌာနများနှင့် ရုံးအဖွဲ့ဝင် များ ၅၀ ၊ စုစုပေါင်း ၂၅၃ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။
    ထို့အပြင် စဉ်ဆက်မပြတ်ဆောင် ရွက်လာသည့် မူးယစ်ဆေးဝါးအန္တရာယ်ဆန့် ကျင်တိုက်ဖျက်ရေး လုပ်ငန်းများကိုလည်း တစ်ဆင့်တိုးပြီး စီမံချက်ချမှတ်ဆောင်ရွက်သွားမည်။ ထို့အပြင် မူးယစ်ဆေး ဝါး အန္တရာယ်နှင့် အလားတူ လူထုအကျင့်စာရိတ္တ ပျက်ပြားစေပြီး ကမ္ဘာ့နိုင်ငံနှင့်ပတ်ဝန်းကျင်နိုင်ငံ များ၏ စီးပွားရေးကို ခြိမ်းခြောက်နေသည့် ကျားဖျန့်လုပ်ငန်း(သို့) အွန်လိုင်းငွေကြေးလိမ် လည်သည့် လုပ်ငန်းများကိုလည်း ဖော်ထုတ် တားဆီးနှိမ်နင်းပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်အပ်နှံခြင်း လုပ်ငန်းများကိုလည်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်း ရေးကို ဆက်လက်ကာကွယ်ထိန်းသိမ်းပြီး ဒေသဖွံ့ ဖြိုးရေးဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ဆည်မြောင်း၊ ရေရရှိရေး၊ လမ်း၊ တံတားများတည်ဆောက်ရေးအပြင် ဒေသတွင်းရှိမိဘပြည်လူထုများကို လူနေမှုဘဝမြှင့်တင်ရေး၊ စားဝတ်နေရေး ချောင်လည်စေရေးအတွက် တတ်နိုင်သည့်ဘက်မှ ကူညီပံ့ပိုးပေးခြင်း၊ အကာအကွယ်ပေးခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း SSP/SSA မှ ထုတ်ပြန်ခဲ့သည်။

Total Views ~ 292

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45613

© 2022 - 2025 News. All Rights Reserved.