မြင်းခြံမြို့နယ်တွင် အကြမ်းဖက် PDF များထောင်ထားသော လက်လုပ်မိုင်း ၆ လုံးနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရရှိ

၂၀၂၃ ၊ ဧပြီ ၂၄

ယမန်နေ့( ဧပြီ ၂၃ ) နံနက် ၁၀ နာရီခွဲအချိန် မြင်းခြံခရိုင် မြင်းခြံမြို့နယ်၏မြောက်ဘက် ၃ မိုင်ခန့် အကွာ သစ်ရုံကျေးရွာအဝင်ဆိုင်းဘုတ်အနီး မြင်းခြံ-မြို့သာသွားကားလမ်း၏ဝဲဘက်ခြမ်း နေရာတွင်လက်လုပ် မိုင်းများထောင်ထားကြောင်းသတင်းအရ ပူးပေါင်းလုံခြုံရေးအဖွဲ့က သွားရောက်စစ် ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို ‌စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ မြေမြှုပ်ကာထောင်ထားသည့် PVC ပိုက်ဖြင့်ပြု လုပ်ထားသော လက်လုပ်မိုင်း ၅ လုံး၊ သံပုံးဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၁ လုံး၊ စုစုပေါင်းလက်လုပ်မိုင်း ၆ လုံး၊ ဆိုင်ကယ် Battery ၂ လုံး၊ကိုက် ၁၀၀ ခန့်အရှည် ဝါယာကြိုး ၁ ခွေ တိုအား စစ်ဆေးတွေ့ရှိ သိမ်းဆည်ရရှိခဲ့၍  လက်လုပ်မိုင်းများအား သက်မဲ့ပြုလုပ်ကာ  လက်လုပ်မိုင်းများထောင်ထားသော နေရာ၏အရှေဘက် ကိုက် ၂၀၀ ခန့်အကွာရှိ ကွင်းပြင်တွင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

Total Views ~ 277

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43364

© 2022 - 2025 News. All Rights Reserved.