Breaking

မြတ်မော်တင်စွန်း ဘုရားပွဲတော် ကျင်းပရေး အစည်းအဝေးကျင်းပ

၂၀၂၃ ၊ ဒီဇင်ဘာ ၂၀
    ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်ရှိ မြတ်မော်တင်စွန်း ဘုရားပွဲတော်ကို ယခုအကြိမ်တွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
    ဘုရားပွဲတော်ကို ပုံမှန်အားဖြင့် နှစ်စဉ် တပေါင်းလဆန်း ၁ ရက်မှ တပေါင်းလပြည့်နေ့အထိ (ဖေဖော်ဝါရီလအတွင်း) ၁၅ ရက်ကြာ ကျင်းပလေ့ရှိရာလာမည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ပွဲတော်ကာလတွင် စတင်ကျင်းပသွားမည်ဖြစ်သည်။
    ထို့ကြောင့် ဘုရားပွဲတော်ကျင်းပရန် မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၁၈ ရက်တွင် ဟိုင်းကြီးကျွန်းမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
    ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များလည်း တက်ရောက်ခဲ့ပြီး မဟာမကုဋရံသီမြတ်မော် တင်စွန်းစေတီတော်ကြီး ဖွင့်ပွဲအခမ်းအနားကျင်းပနိုင်ရေး အခမ်းအ နားအစီအစဉ်များ ကြိုတင်စီစဉ် ဆောင်ရွက်ထားရမည့် လုပ်ငန်းများနှင့် ဌာနဆိုင်ရာတစ် ခုချင်းအလိုက် တာဝန်ခွဲဝေချထားမှုများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
    နှစ်စဉ်ပွဲတော်အတွင်း သံဃာတော်များအား ဆွမ်းဆပ်ကပ်လှူဒါန်ခြင်း၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲများ ထည့်သွင်းကျင်းပပြီး ဖျော်ဖြေရေးအစီအစဉ်များ၊ များပြားလှသည့် ဈေးဆိုင်ခန်းများဖြင့်လည်း ပွဲတော်အတွင်း အစဉ်စည်ကားလျက်ရှိသည်ကို တွေ့ရသည်။
    ယခုနှစ် ဇန်နဝါရီလတွင် ဘုရားပရဝဏ်အလုံးစုံကို ပြန်လည်ပြုပြင်မွမ်းမံ တည်ဆောက်ထားပြီးဖြစ်ကာ ကုန်လမ်း၊ ရေလမ်းနှစ်မျိုးဖြင့် သွားလာနိုင်သော ထင်ရှားသည့်နေရာတစ်ခုဖြစ်သောကြောင့် ပွဲတော်ရက်တွင် လူဦးရေသိန်းချီလာရောက် ဖူးမြော်သည့်ပွဲတော်လည်းဖြစ်သည်။

Total Views ~ 187

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43938

© 2022 - 2025 News. All Rights Reserved.