Breaking

မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေး တရုတ်နိုင်ငံနှင့်တရုတ်လူမျိုးများ ဆက်လက်ကူညီရန် နစကဥက္ကဌ ပြောကြား

၂၀၂၄ ၊ ဖေဖော်ဝါရီ ၂၁
    တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးကို အေးအတူပူအမျှ အသိုက်အဝန်းတစ်ခုအဖြစ် အတူယှဉ်တွဲ နေထိုင်လျက်ရှိသောကြောင့် မိမိတို့ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စဉ်များတွင်လည်း တရုတ်နိုင်ငံနှင့် တရုတ်လူမျိုးများအနေဖြင့် ဆက်လက်ပြီး ကူညီဆောင်ရွက်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
    ၂၀၂၄ ခုနှစ် ရွှေနဂါးတရုတ်နှစ် သစ်ကူးပွဲတော်အခမ်းအနားကို ဖေဖော်ဝါရီ လ ၁၈ ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီးတို့ တက်ရောက်ခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
    နိုင်ငံတော်ဝန်ကြီးချုပ်က တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ကောင်းမွန်သည့် ဆက်ဆံမှုများနှင့် တူညီသည့် ယဉ်ကျေးမှုများသည် ရေကိုသားသော်အကြား မထင်သကဲ့ သို့ ဘယ်သူဖျက်ဖျက် ပျက်စီးမသွားဘဲ ခိုင်မာစွာ ဖြစ်တည်လျက် ရှိနေမည်ဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ရှေးဘုရင်များ လက်ထက်ကတည်းက ရွှေလမ်းငွေလမ်းဖောက်ပြီး နှစ်ပြည်ထောင်ချစ်ကြည်ရေးကို ခိုင်ခိုင်မြဲမြဲ တည်ဆောက်ခဲ့ကြသည်မှာ ယနေ့ထက်တိုင်ဖြစ်သဖြင့် ဆွေမျိုးပေါက်ဖော်ရှိရင်းစွဲ သံယောဇဉ်တရား၊ မေတ္တာတရားများကို အဖိုးတန် အမွေကောင်းများအဖြစ် လက်ခံကျင့်သုံးပြီး အေးချမ်းသာယာသည့် လူမှုအသိုက်အဝန်းတစ်ခုကို လက်တွဲထူ ထောင်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း ပြော ကြားသည်။
    ဆက်လက်၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ၇ နှစ်ကျော်ကာလအတွင်း မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် နယ်ပယ်ပေါင်းစုံတွင် စီမံကိန်းများအကောင် အထည်ဖော်ဆောင်ရွက်ပေးခဲ့သောကြောင့် အဖွဲ့ဝင်နိုင်ငံများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက် အကူပြုစေခဲ့ပါ ကြောင်း ပြောကြားသည်။
    ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းလုံခြုံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါး တရားမဝင် ထုတ်လုပ်ရောင်းဝယ်မှုများ၊ လူကုန်ကူးမှုများ၊ Online လောင်းကစားမှု များနှင့် Online လိမ်လည်မှုများကို နှိမ်နင်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်း စဉ်များတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လျက် ရှိကြောင်း တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်း ပြီး နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လက်ရှိအခြေအနေထက် ပိုမိုတိုးတက် ကောင်းမွန်လာမည်ဟု ယုံကြည်ကြောင်းဖြည့်စွက် ပြောကြားခဲ့သည်။

Total Views ~ 180

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43972

© 2022 - 2025 News. All Rights Reserved.