၂၀၂၃ စက်တင်ဘာ ၂၆
မြန်မာနိုင်ငံတွင် ကိုရီယားအထည်ချုပ်လုပ်ငန်းအပြင် ချည်ထုတ်လုပ်ရေး၊ ချည်ငင်နှင့် ဆေးဆိုးလုပ်ငန်း များတွင် တိုးချဲ့ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှ သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် တိုးချဲ့ရင်းနှီးမြှုပ်နှံမည့် ကိုရီးယားအထည်ချုပ်လုပ်ငန်း (PANKO Corporation)မှ လုပ်ငန်းရှင်များနှင့် ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် အဖွဲ့ဝင်များသည် စက်တင်ဘာ လ ၂၂ ရက်တွင် အသင်းချုပ်ရုံးတွင် တွေ့ဆုံခဲ့ရာ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက ပြည်တွင်းမှာ လာရောက်ရင်း နှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များကို လုပ်ရကိုင်ရ လွယ်ကူစေမည့်အခြေ အနေများကို ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် လက်ရှိတွင်နိုင်ငံတော် ဘက်မှ ကုန်ထုတ်လုပ်ငန်းများကို အားပေးနေသည့် ကာလဖြစ်၍ အလုပ်အကိုင်အခွင့် အလမ်းအများဆုံးပေးနိုင်မည့် အထည်ချုပ်လုပ်ငန်းများကို တိုးချဲ့ရင်းနှီးမြှုပ်နှံမှာ သိရသည့် အတွက် ဝမ်းသာပီတိဖြစ်ရပြီး အထူး သဖြင့် အထည်ချုပ်လုပ်ခြင်းအပြင် ချည်ငင်၊ ဆေးဆိုးလုပ်ငန်းများလည်း ကျယ်ကျယ်ပြန့် ပြန့် လုပ်ကိုင်မည်ဆိုသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အကျိုးကျေးဇူးများရရှိမည် ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ကိုင်ရာတွင် အကျိုးအမြတ်ရရှိလိုခြင်းတစ်ခုတည်းသာမက နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီး မှု မြှင့်တင်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ဦးအေးဝင်း က ထည့်သွင်းပြောကြားခဲ့သည်။
ကိုရီးယားနိုင်ငံ PANKO Corpor-ation ဥက္ကဋ္ဌကြီး Mr.Youngjoo Choi ကလည်း မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းအပြင် ချည်ထုတ်လုပ်ရေး လုပ်ငန်းကြီးကို လုပ်ကိုင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် ချည်ငင်ခြင်း၊ ဆေးဆိုးခြင်းစသည့် စက်မှုလုပ်ငန်းဖြင့် ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ယခုလာရောက်သည့် ကိုရီးယားလုပ်ငန်းရှင်များသည် ချည်ထုတ်လုပ်ရေးတွင် အတတ်ပညာရှိပြီး အတွေ့အကြုံများစွာရှိကြောင်း၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရန် အသင်းချုပ် နှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါတွေ့ဆုံပွဲတွင်ထည့်သွင်း ပြောကြားခဲ့ သည်။
အစည်းအဝေးသို့ ကုန်သည်စက် မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူ၊ တွဲဖက်အထွေထွေအတွင်းရေးမှူးဦးရဲမြင့်မောင်၊ ကိုရီးယားနိုင်ငံ PANKO Corporation ဥက္ကဋ္ဌကြီး Mr. Youngjoo Choi, ဥက္ကဋ္ဌ Mr. Kevin Oh, Spinners & Weavers Association of Korea ဥက္ကဋ္ဌ Mr.Joon Kim, Hyup Sung Group မှ ဥက္ကဋ္ဌ Mr.Kyungmin Kwon နှင့် Mr. Kihong Cheon (PhD)University of Yangon တို့ တက်ရောက်ခဲ့ကြပြီး နှစ်ဖက်တက်ရောက်လာသူများက ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ အထည်ချုပ် စက်ရုံများတိုးချဲ့တည်ဆောက်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံသူများ လာရောက်လုပ်ကိုင်ရာတွင် အဆင်ပြေချောမွေ့စေရန် ကူညီပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုရီးယားနိုင်ငံ PANKO Corpor-ationonf သည် မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံ ကို ၂၀၁၉ခုနှစ်က ပဲခူးမြို့တွင် စတင်တည် ထောင်၍ အထည်ချုပ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်၍ ပြည်တွင်းအ လုပ်အကိုင်များ ဖန်တီးပေးလျက်ရှိကြောင်း UMFCCI မှ သတင်းထုတ်ပြန်ခဲ့သည်။