Breaking

မြန်မာနိုင်ငံတွင် ဘိန်းအစားထိုး သီးနှံစိုက်ပျိုးမှုအတွက် ဂျပန်အပါအဝင် သုံးနိုင်ငံမှ ကူညီဆောင်ရွက်နေ

၂၀၂၃ အောက်တိုဘာ ၂၄
    မြန်မာနိုင်ငံတွင် ဘိန်းအစားထိုး သီးနှံစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်အပါအဝင် ထိုင်း၊ ဖင်လန်နိုင်ငံတို့က ကူညီဆောင်ရွက်နေကြောင်း ကုလသမဂ္ဂ၏ ဘိန်းအစားထိုးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များ United Nations Guiding Principles on Alternative Development ချမှတ်သည့် (၁၀)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားမှ သိရသည်။
    ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းလျက် ဘိန်းအစားထိုးသီးနှံများစိုက်ပျိုးခြင်း၊ ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်း၊ အမျိုးသမီးနှင့်ကလေးသူငယ်များ အခန်းကဏ္ဍမြှင့်တင်ခြင်းနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဆင်းရဲနွမ်းပါးမှုနှင့် တရားမဝင် ဘိန်းစိုက်ပျိုးမှုတို့အကြား ရောက်ရှိနေသော လူမှုဘဝများ လွတ်မြောက်နိုင်ရေးအတွက် ရေရှည်တ ည် တံ့ခိုင်မြဲပြီး သဘာဝပတ်ဝန်းကျင် မထိခိုက်စေသည့် ဘိန်းအစား ထိုးသီးနှံများ စိုက်ပျိုးမှုတွင် များစွာအ ထောက်အကူဖြစ်စေကြောင်း၊ ယင်းအစား ထိုးသီးနှံများအား Public-Private Partn-ership မှတစ်ဆင့် ကမ္ဘာ့ ဈေးကွက်အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း CND ဥက္ကဋ္ဌနှင့် UNODC အမှုဆောင်ညွှန်ကြားရေးမှူးတို့က အဖွင့်မိန့်ခွန်းများပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
    UNODC က မြန်မာနိုင်ငံ၌ဆောင် ရွက်လျက်ရှိသည့် ဘိန်းအစားထိုး သီးနှံစိုက်ပျိုးမှု အစီအစဉ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်း ဘိန်းအစားထိုး သီးနှံများအဖြစ် ကော်ဖီ၊ လက်ဖက်နှင့် ထောပတ်သီးများ စိုက်ပျိုးနေမှု၊ စိုက်ပျိုးရရှိသည့် သီးနှံများအား ဥရောပ တိုက်အထိ တင်ပို့ရောင်းချနိုင်မှု၊ ဘိန်းစိုက်ပျိုးမှုကြောင့် ထိခိုက်သွားသည့် မြေနှင့် သဘာဝပတ်ဝန်း ကျင် အား ပြန်လည်ထိန်းသိမ်းပြုပြင်နေမှု၊ ဘိန်းအစားထိုးအဖြစ် ကော်ဖီစိုက်ပျိုးမှုကြောင့် ရရှိသည့် လူမှုရေးနှင့် စီးပွားရေးအကျိုးအမြတ်များကို ဗီဒီယိုမှတ်တမ်းဖြင့် ပြသရှင်းလင်းခဲ့ကြောင်း သိရသည်။
    အခမ်းအနားကို (၆၆) ကြိမ်မြောက် မူးယစ်ဆေးဝါးဆိုင်ရာ ကော်မရှင်အ စည်းအဝေး (Commission on Narcotic Drugs-CND) ဥက္ကဋ္ဌ ကိုလံဘီယာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် H.E. Mr. Miguel Camilo Ruiz Blanco ကကြီးမှူးလျက် အောက်တိုဘာ ၂၃ ရက်တွင် ဗီယင်နာ အပြည်ပြည်ဆိုင်ရာ စင်တာ၌ Hybrid For-mat ဖြင့် ကျင်းပခဲ့ရာ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့်အခြား နိုင်ငံတကာအဖွဲ့ အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းက Online မှတစ်ဆင့် လည်းကောင်း၊ ဘာသာ ရပ်တာဝန်ခံသံမှူး ဦးရဲမောင်သိမ်းက in-person  အဖြစ်လည်းကောင်း တက်ရောက်ခဲ့ကြောင်း သိရသည်။

Total Views ~ 190

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43865

© 2022 - 2025 News. All Rights Reserved.