မြန်မာနိုင်ငံတွင် Online  အသုံးပြု၍ အဓမ္မ စေခိုင်းမှုများ လတ်တလောရင်ဆိုင်ကြုံတွေ နေရကြောင်း ပြည်ထဲရေးဝန်ကြီးပြောကြား

၂၀၂၃ စက်တင်ဘာ ၁၂
    မြန်မာနိုင်ငံသည် Online ကို အသုံးပြု၍ ငွေကြေးလိမ်လည်မှု ဖြစ်စဉ်များတွင် အဓမ္မစေခိုင်းမှုများကို လတ်တလော ရင်ဆိုင်ကြုံတွေ့ နေရကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားသည်။
    စက်တင်ဘာလ ၁၁ရက်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၃)တွင် နိုင်ငံတော်စီ မံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲ ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အထက်ပါအတိုင်း ပြောကြားခဲ့သည်။
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် ကြီးရာပြည့်က မြန်မာနိုင်ငံ၏ လက်ရှိအခြေ အနေများအရ လူမှုကွန်ရက်အပါအဝင် နည်းပညာများကို အလွဲသုံးပြီး နိုင်ငံရေးမတည်မငြိမ်ဖြစ်ပေါ်စေရန် လှုံ့ဆော်ဖန်တီးမှုများ ရှိနေပါကြောင်း၊ လူကုန်ကူးမှုအပါအဝင် ပြစ်မှုကျူးလွန်သူများသည် Online မှ တစ်ဆင့် ကျူးလွန်လာကြသည်ကို တွေ့မြင်နေရကြောင်း၊ မြန်မာနိုင်ငံသည် Online ကို အသုံးပြု၍ ငွေကြေးလိမ်လည်မှု ဖြစ်စဉ်များတွင် အဓမ္မစေခိုင်းမှုများကို လတ်တလော ရင်ဆိုင်ကြုံတွေ့နေရပြီး အခြားနိုင်ငံသားများလည်း အဆိုပါ ဖြစ်စဉ်များတွင် ပါဝင်လာသည့်အတွက် တားဆီးထိန်းချုပ်နိုင်ရန် အလေးအနက်ထား ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။
    ဆက်လက်၍ မြန်မာနိုင်ငံတွင်းသို့ နယ်စပ်ဒေသများမှ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်လာပြီး အခက်အခဲမျိုးစုံ ကြုံတွေ့နေရသော နိုင်ငံခြားသားများအား မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ သံရုံးများနှင့်အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ဆက်သွယ်မှုလမ်း ကြောင်းတို့မှတစ်ဆင့် အကူအညီတောင်းခံ လာမှုများနှင့်ပတ်သက်၍လည်း ကယ်တင်ရရှိသူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
    ထို့အပြင်နိုင်ငံအချင်းချင်း ပူး ပေါင်းဆောင်ရွက်မှုအနေဖြင့် လူကုန်ကူးမှု၊ အတင်းအဓမ္မစေခိုင်းမှု၊ တရားမဝင်နယ်စပ် ဖြတ်ကျော်မှုများနှင့် စပ်လျဉ်းပြီး ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးတွင် သဘောတူညီမှုများအရ မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံအကြား စစ်ဆင်ရေးကို ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် အခြေပြုဆောင်ရွက်ခဲ့ပြီး Online ငွေကြေးလိမ်လည်သည့်လုပ်ငန်း (Online Scam)  လုပ်ကိုင်နေမှုများ နှင့် ပတ်သက်ပြီး စစ်ဆေးမှုများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထို့အပြင် အင်တာပိုလ် (INTERPOL)  နှင့် အာဖရိကရဲအဖွဲ့ (AFRI-POL)တို့ အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သည့် လူကုန်ကူးမှုနှင့် လူမှောင်ခိုကူးမှု တိုက်ဖျက် ရေးဆိုင်ရာလုပ်ငန်းစဉ် (Operation FLASH –WEKA)  တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

Total Views ~ 167

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43788

© 2022 - 2025 News. All Rights Reserved.