Breaking

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား အစိုးရ၊ ပုဂ္ဂလိက ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး စီစဉ်ဆောင်ရွက်နေ

၂၀၂၄ ၊ မတ် ၅
    မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြားအစိုးရ၊ ပုဂ္ဂလိက ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ခရီးသွားလုပ်ငန်းမြှင့် တင်ရေးဆောင်ရွက်မှုများကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။
    ယခုအခါ နေပြည်တော်ကောင်စီ နယ်မြေအတွင်း ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် များအနက် Óဏ်တော်အမြင့် ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အပါအဝင် နေပြည်တော်ရှိ ခရီးသွားဆွဲဆောင်ရာ နေရာများသ့ို ပြည်ပခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာရေးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ထိုင်းခရီးသွား ဧည့်သည်များအနေဖြင့် ပိုမိုသိရှိလာရောက်လည် ပတ်စေရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင် ရယူထားသော Sai Swe  ကုမ္ပဏီလီမိတက်နှင့် ထိုင်းနိုင်ငံရှိ Best International Travel & Agency တို့ ပူးပေါင်းစီစဉ်ဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံ သားရိုက်ကူးရေးအဖွဲ့ဝင်များ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်နှင့် ပုဂံမြို့ရှိ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားသော နေရာများကို ရိုက်ကူးရန် ခရီးစဉ်ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့ လာရောက်လျက် ရှိကြောင်း သိရသည်။
    "အခုခရီးစဉ်က ခရီးသွားမြှင့်တင်ရေး အစီအစဉ်တစ်ခုဖြစ်ပါတယ်။ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။ ယခုလို မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို လာရောက်ဖူးမြော်ပြီး ရိုက်ကူးရေးအစီအစဉ်တွေ ပြုလုပ်တာကို ကြိုဆိုပါတယ်"ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ပြောသည်။ 
    အဆိုပါ ရိုက်ကူးရေးအဖွဲ့သည် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၊ ရတနာဆင်ဖြူတော်များ၊ လွှတ်တော်၊ ပုဂံဒေသရှိ ပုဂံရှုခင်းအလှနှင့် ပုဂံဒေသ၏ နေထွက်ရှုခင်းအလှများကို ရိုက်ကူးရေးဆောင်ရွက်ပြီး ထိုင်းနိုင်ငံတွင် ထုတ်လွှင့်လျက်ရှိသော Channel 8 ရုပ်သံလိုင်းနှင့် အခြားလူမှုကွန် ရက်များမှတစ်ဆင့် ထိုင်းခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်လည်ပတ် နိုင်စေရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
    ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ပြည်ပခရီးသွား ဧည့်သည်ဝင်ရောက်မှုမှာ တစ်သိန်းလေးသောင်းခန့် ဝင်ရောက်ခဲ့ပြီး ၎င်းင်းအနက်မှ ထိုင်းခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ တစ်သိန်းတစ်သောင်းကျော် ဖြစ်သည့်အတွက် တစ်လတာကာလအတွင်း ထိုင်းခရီးသွားဧည့်သည် ဝင်ရောက်မှုအနေဖြင့် ၈၄ ရာခိုင်နှုန်းရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှသိရသည်။
    ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့  ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ၁ ဒသမ ၃ သန်း ခန့်ရှိပြီး ၎င်းင်းအနက်မှ ထိုင်းခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ကိုးသိန်းကျော် ဖြစ်သည့်အတွက် ယမန်နှစ်တစ်နှစ် တာကာလအတွင်း ထိုင်းခရီးသွားဧည့်သည် ဝင်ရောက်မှုအနေဖြင့် ၇၄ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

Total Views ~ 162

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43966

© 2022 - 2025 News. All Rights Reserved.