Breaking

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မရှိမဖြစ်အဖွဲ့အစည်းဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌပြော

၂၀၂၃ စက်တင်ဘာ ၃
    မြန်မာနိုင်ငံရဲတပ်ဖွဲ့သည်  မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကာ အရေးကြီးသည့် အဖွဲ့အစည်း ဖြစ်သလို၊ မရှိမဖြစ် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားလိုက်သည်။
    "မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုတာက မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံး လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တယ်။ အရေးကြီးတဲ့ အဖွဲ့အစည်းဖြစ်တယ်၊ မရှိမဖြစ် အဖွဲ့အစည်းတစ်ခု ဖြစ်တယ်။ ရဲတပ်ဖွဲ့ရဲ့ ရည်မှန်းချက် တာဝန်လေးရပ်ရှိတယ်ဗျ။ အဲ့ဒါ ဘာတွေလည်းဆိုတော့ ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းကာကွယ်ရေးနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေး စသဖြင့်ပေါ့ဗျာ။ မူဝါဒအားဖြင့်လည်း သုံးရပ်ရှိတယ်။ မျိုးချစ်စိတ်ရှိရမယ်၊ စွမ်းရည် ပြည့်ဝရမယ်၊ ခေတ်မီရမယ်ပေါ့။ အဲ့ဒီရည် မှန်းချက်နဲ့ မူဝါဒတွေကို အခြေခံပြီးတော့ လုပ်ငန်းတာဝန် ခြောက်ရပ်နဲ့ စီမံဆောင်ရွက် နေတာ။ ပြောချင်တာက စနစ်တကျနဲ့ ဖွဲ့ စည်းထားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ကနေ့ အခြေအနေမှာတော့ တိုင်းပျက်ပြည်ဆူပေါ့၊ အကြမ်း ဖက်သမားတွေရဲ့ ကဏ္ဍပေါင်းစုံမှ နှောင့်ယှက်နေတဲ့ အခြေအနေကို မြန်မာ နိုင်ငံရဲတပ်ဖွဲ့ကလည်း သူ့အခန်းကဏ္ဍနဲ့ သူဖြေရှင်းလုပ်ကိုင်နေရတယ်။ အင်မတန်မှလည်း ပင်ပန်းပါတယ်။ အင်မတန်မှလည်း အန္တရာယ်ကြီးပါတယ်။ ဒီတာဝန်ကို နိုင်နင်း စွာ ဆောင်ရွက်နေပါတယ်။ ဒီနေ့ အခမ်းအနားမှာဆိုရင် အကြမ်းဖက်တွေကို စီးနင်းရင်း အသက်ပေးသွားတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေ ဆုလက်ခံရယူကြ တယ်။ အင်မတန်မှ ကြည်နူးရပါတယ်။ မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ လုံခြုံရေးတာဝန်ကိုယူနေတဲ့ ရဲတပ်ဖွဲ့ဟာ မရှိမဖြစ်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်"ဟု ဥက္ကဋ္ဌ ဦးခင်ရီကပြောသည်။
    မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ၂၀၂၃ ခုနှစ် တွင် မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံအကြား နယ်စပ်ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် မဲဆောက်မြို့တို့တွင် ပြုလုပ်ခဲ့ပြီး အွန်လိုင်းလိမ်လည်မှု (Online Scam)နှင့် အွန်လိုင်း လောင်းကစားမှု (On-line Gambling)ဆိုင်ရာ ရှေ့ပြေးစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် Online လိမ်လည်မှုကျူးလွန်ရန် အဓမ္မစေ ခိုင်းသည့် ဖြစ်စဉ်များကို ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇွန်လ ၁၆ ရက်ထိ စစ်ဆင်ရေး ကာလသတ်မှတ်ပြီး သုံးနိုင်ငံနားလည်မှုရှိရှိနှင့် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ရာ ၂၀၂၃ ခုနှစ်အတွင်း Online လိမ်လည်မှု ၁၁၉ မှုမှ တရားခံ ၇၆ ဦးနှင့် Online လောင်းကစားမှု ၅၈ မှုမှ တရားခံ ၁၃၄ ဦးတို့ကို ဖော်ထုတ် အရေးယူနိုင်ခဲ့ကြောင်း (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား မှ သိရသည်။
    မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးနှိမ်နင်းရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း အနီးကပ်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေး(၃၈)ကြိမ်နှင့် ၂၀၂၃ ခုနှစ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများ တရားမဝင်တင်သွင်းမှုများကို တားဆီးဆောင်ရွက်နိုင်ရေး အတွက် အထူးစစ်ဆင်ရေး 'Operation 39'ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၃ ခု နှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၃၁ ရက် အထိ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအနေဖြင့် အမှုပေါင်း ၄၃၈၀ ၊ တရားခံပေါင်း ၅ç၉၇၄ ဦး စုစုပေါင်းတန်ဖိုးငွေကျပ် ၆၂၃ ဘီလီယံကျော်ရှိသည့် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာ တွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။
    ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်တွင် ကျရောက်သည့် (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ဖမ်းဆီးရမိ မူးယစ်ဆေး ဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးပွဲတွင် စုစုပေါင်းတန်ဖိုးကျပ် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော်(အမေရိကန် ဒေါ်လာ ၄၄၆ ဒသမ ၀၅၈ သန်း)ရှိသည့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၁၀၈ မျိုးတို့ ကို ဖျက်ဆီးခဲ့သည်။
    လူကုန်ကူးမှု အခြေအနေမှာ ကမ္ဘာတစ်ဝန်း တိုးတက်လာသည့် အင်တာနက်နည်းပညာများကို အသုံးပြုပြီး လူကုန်ကူးသူများက လူသစ်စုဆောင်းခြင်းများ ပြုလုပ်ပြီး လူကုန်ကူးမှုပုံစံများနှင့် စီးဆင်း မှုများ ပြောင်းလဲလာပါကြောင်း၊ မြန်မာနိုင်ငံအနေနှင့် လူကုန်ကူးမှုများကို ထိရောက်စွာအရေး ယူနိုင်ရန် ၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေသစ် ကို ပြဋ္ဌာန်းပေးခဲ့ပြီး ၂၀၀၆ ခုနှစ်မှ ၂၀၂၃ ခုနှစ် သြဂုတ်လအထိ လူကုန်ကူးမှု ၂ç၂၄၅ မှု ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ လူကုန်ကူးသူ တရားခံစုစုပေါင်း ၆၅၁၆ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ဒေသတွင်းလူကုန်ကူးမှုခင်းများနှင့် လူမှောင်ခိုမှုများ တားဆီးနှိမ်နင်း ရေးစီမံကိန်းများတွင် အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့(INTERPOL)၊ အာဆီယံရဲအဖွဲ့ (ASE-ANAPOL)တို့နှင့် ပူးပေါင်းပါဝင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
    လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြ ပြီး ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် ပြည်သူ့ရဲတပ်ဖွဲ့ဟု ခေါ်ဝေါ်သတ်မှတ်ခဲ့ကာ ရဲတပ်ဖွဲ့နေ့ အဖြစ်လည်း စတင်သတ်မှတ်ခဲ့ပြီးနောက် ၁၉၉၅ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် ပြည် သူ့ရဲတပ်ဖွဲ့ မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟု ပြင်ဆင်သတ်မှတ်ခဲ့ရာ ယခုအခါ (၅၉)နှစ် မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။


 

Total Views ~ 177

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43828

© 2022 - 2025 News. All Rights Reserved.