နေပြည်တော်၊ သြဂုတ် ၁၃
မြန်မာနိုင်ငံသည် လူငယ်ထုအင်အား၊ လုပ်သားအင်အားများပြားသည့် အခြေအနေကောင်းကို ရရှိပိုင်ဆိုင်ထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင် စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်အောင်လှိုင်က နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(င)တွင် သြဂုတ် ၁၂ ရက်က ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း အစီရင်ခံစာအရ မြန်မာနိုင်ငံ စုစုပေါင်းလူဦး ရေ၏ ၃၃ ရာခိုင်နှုန်းကျော်သည် လူငယ်များဖြစ်ကြောင်း သိရှိရသည့်အတွက် မြန်မာနိုင်ငံသည် လူငယ်ထုအင်အား၊ တစ်နည်းအားဖြင့် လုပ်သားအင်အားများပြားသည့် အခြေအနေကောင်းကို ရရှိပိုင်ဆိုင်ထားကြောင်း၊ ယနေ့လူငယ်များသည် အနာဂတ်လူ့ဘောင်ကို ပိုင်စိုးကြမည့်သူများဖြစ်ပြီး အနာဂတ်လူ့ဘောင်ကိုဖန်တီး တည်ဆောက်ကြမည့် နိုင်ငံ့အရင်းအမြစ်များ ဖြစ်ကြကြောင်း၊ တစ်နည်းအားဖြင့် တိုင်းပြည်၏ အနာဂတ်ခေါင်းဆောင်များပင်ဖြစ် ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်အောင်လှိုင်က ပြောကြားခဲ့သည်။
ထို့အပြင် လူငယ်များကို စနစ်တကျမှန်မှန်ကန်ကန် လေ့ကျင့်ပျိုးထောင်ပေးနိုင်မှသာ အနာဂတ်နိုင်ငံတော်ကို မြင့်မားတိုးတက်အောင် တည်ဆောက်သွားနိုင်မည်ဖြစ်ပြီး စိတ်ဓာတ်မြင့်မားသူ၊ အတွေးအခေါ် မှန်ကန်သူ၊ ရိုးသားဖြောင့်မတ်သူ၊ စွမ်းရည် ပြည့်စုံကြသည့် လူငယ်များဖြင့်သာ နိုင်ငံကို ကောင်းအောင် တည်ဆောက်သွားနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်များကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံအောင် လေ့ကျင့်ပျိုးထောင်သွားကြရန် နိုင်ငံတော်ဝန်ကြီးချုပ် မှာကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက် သုံးရပ်အနက် တတိယအချက်ဖြစ်သည့် 'နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး"ဟု ချမှတ်ထားရှိကြောင်း၊ ထို့ကြောင့် လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးအတွက် အထူးအလေးထားဆောင်ရွက် ပေးလျက်ရှိကြောင်း၊ လူငယ်များဘက်စုံထူးချွန်ပြီး အတတ်ပညာရှင်၊ အသိပညာရှင်များ ထွက်ပေါ်လာစေရေး၊ ဗလငါးတန် ဖွံ့ဖြိုးတိုး တက်စေရေးနှင့် မှန်ကန်သည့်လမ်း ကြောင်းပေါ်ကို ရောက်ရှိစေပြီး နိုင်ငံတော်ကို အကျိုးပြုမည့် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေ ရန်လူငယ်ရေးရာမူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုး တက်ရေးအစီအစဉ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ၊ မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေ သကြီး၊ ပြည်နယ်လူငယ်ရေးရာ ကော်မတီတို့ကို ဖွဲ့စည်းထားရှိပေးပြီးလည်း ဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ယခင်ကထက် ပိုမိုထိရောက်ကျယ်ပြန့်စွာ မြှင့်တင်ဆောင်ရွက်သွားကြရန် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်က တိုက်တွန်း မှာကြားခဲ့သည်။
နဒီ