ရန်ကုန်၊ အောက်တိုဘာ ၂၃
မြန်မာနိုင်ငံသို့ ရုရှားခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လည်ပတ်စေရေးအတွက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ တာဝန်ရှိသူနှင့် Space Travel Agency မှ တာဝန်ရှိသူများက နှစ်နိုင်ငံခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
အောက်တိုဘာ ၂၁ရက်က ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော် စိုး မြန်မာ-ရုရှား ခရီးသွားလုပ်ငန်းမြှင့်တင်ရေးရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ်တွင် ရုရှားနိုင်ငံမှ ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများနှင့် ခရီးသွားအေဂျင်စီများမှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို ရုရှားနိုင်ငံမှ ခရီးသွား ဧည့်သည်များ ပိုမိုသိရှိပြီး လာရောက်လည်ပတ်နိုင်စေရန်ရည်ရွယ်၍ ခရီး သွားလုပ်ငန်းဆောင်ရွက်သူများ၊ ခရီးသွား အေဂျင်စီများ၊ မီဒီယာများမှ ကိုယ်စားလှယ်များကို ဖိတ်ခေါ်သည့် ယခုကဲ့သို့ရင်းနှီးကျွမ်း ဝင်မှုဆိုင်ရာ ခရီးစဉ်များစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၌ မကြာမီကာလတွင် ခရီးသွားရာသီ ရောက်ရှိလာတော့မည်ဖြစ်၍ ရုရှားခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်နိုင်ရေးအတွက် ခရီးစဉ်များ စီစဉ်ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ တာဝန်ရှိသူနှင့် Space Travel Agency မှ တာဝန်ရှိသူများက နှစ်နိုင်ငံခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားနိုင်ငံ၏ ဆောင်းရာသီကာလတွင် ရုရှားအားကစားသမားများ မြန်မာနိုင်ငံ၌ ရက်ရှည်လာရောက် တည်းခိုနေထိုင်၍လေ့ ကျင့်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးစေ လိုသည့် ကိစ္စရပ်များ၊ ရုရှားခရီးသွား ဧည့်သည်များ ငွေပေးချေမှုနှင့်စပ်လျဉ်း၍ ပိုမိုလွယ်ကူ အဆင်ပြေချော မွေ့စေရေးဆို င်ရာ ကိစ္စရပ်များ၊ ကျန်းမာရေးနှင့် အသက်အာမခံ ထားရှိရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြပြီး မြန်မာနိုင်ငံသို့ ရုရှားခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လည်ပတ်စေရေးအတွက် ကူညီဆောင်ရွက် ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ ထူးမြတ်