၂၀၂၃ စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီးအတွင်း သာမက မြန်မာတစ်နိုင်ငံလုံးတွင် အသက် ကြီးဆုံး မကွေးမြို့ မင်းကံကြီးရပ်ကွက်မှ အသက်(၁၂၃) နှစ်ရှိ အဘွားဒေါ်ချောယဉ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားသို့ တက်ရောက်ကန်တော့ခံခဲ့ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရသည်။
မကွေးတိုင်းဒေသကြီး ဖန်ခါးမြေ ဘိုးဘွားရိပ်သာတွင် အောက်တိုဘာလ ၁ ရက်က ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး မြန်မာနိုင်ငံအမျိုးသမီး များနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းမှဥက္ကဋ္ဌနှင့် အဖွဲ့ဝင်လေးဦး တက် ရောက်၍ အဘိုးအဘွား ၇၀ အား ကန် တော့ပစ္စည်းများနှင့် ကန်တော့ပြီး ဆေးကုသ ပေးမှုတွင် လုပ်အားပေးခဲ့ကြကြောင်း သိရ သည်။
အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများနေ့ ပေါ်ပေါက်လာခြင်းသည် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအပိုဒ် ၂၅ (၁)အရ အသက်အရွယ်အိုမင်းပြီး မိမိမတတ်စွမ်းနိုင်သော အခြေအနေများကြောင့် အသက်မွေးဝမ်းကျောင်း မပြုနိုင်ခြင်းတို့ ဖြစ်ပေါ်ခဲ့လျှင် ဘဝလုံခြုံမှု ရပိုင်ခွင့်ရှိရမည်ဖြစ်ပါ၍ အသက် (၆၀)နှင့်အထက်ကို သက်ကြီးရွယ်အိုဟု ကုလသမဂ္ဂ၊ ကမ္ဘာ့ကျန်းမာ ရေး အဖွဲ့တို့က သတ်မှတ်ပြီး ကုလသမဂ္ဂအထွေ ထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၄၅/၁၀၆ ဖြင့် အောက်တိုဘာလ ၁ ရက်ကို အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ (International Day of Older Persons) ဟု အတည်ပြုသတ်မှတ်ခဲ့ပါသည်။
မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော် က အိုမင်းမစွမ်းသူများအား ကြည့်ရှုစောင့် ရှောက်ရမည်ဟု နိုင်ငံတော်၏ အခြေခံမူတွင် ဖော်ပြထားသည့်အပြင် သက်ကြီးရွယ်အို အသက်အား (၆၀)နှင့်အထက်ဟု သတ်မှတ် ပြီး အခွင့်အရေးများကိုလည်း သက်ကြီး ရွယ်အိုဆိုင်ရာဥပဒေ၌ ဖော်ပြထားပါသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ၂၀၁၆ ခုနှစ်တွင် အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (South East Asia National Human Rights Institutions Forum- SEANF) အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် သက်ကြီးရွယ်အိုများ၏ အခွင့် အရေးနှင့် စပ်လျဉ်း၍ ဖိုရမ်၏ထုတ်ပြန်ချက် တစ်ရပ်ကိုဆောင်ရွက်ခဲ့ပါသည်။
အသက်အရွယ် ကြီးရင့်မှုကြောင့် ခွဲခြားဆက်ဆံခြင်း၊ လျစ်လျူရှုခြင်း၊ ချန်လှပ် ခြင်းနှင့် အခြားသော လူ့အခွင့်အရေးချိုး ဖောက်မှုများကင်းဝေးပြီး အသက်ရှည်ရှည် နေရုံမျှမက ကျန်းမာ ပျော်ရွှင်သောဘဝကို ပိုင်ဆိုင်ကြစေရန် အနာဂတ်မျိုးဆက်သစ်လူ ငယ်များက သက်ကြီးရွယ်အိုများ၏ အခွင့် အရေးများကို မြှင့်တင်ကာကွယ်ပေးခြင်းသည် အသက်ကြီးရင့်မှုကို အလေးထားသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကလည်း သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို မြှင့်တင်ကာကွယ်ရေး ဆက်လက် ဖော်ဆောင်သွား မည်ဖြစ်ပါကြောင်း အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ထုတ်ပြန်ထားသည်။