Breaking

မြန်မာနှင့် ဟောင်ကောင်အကြား လေကြောင်းပို့ဆောင်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး

၂၀၂၃ စက်တင်ဘာ ၃
    တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ ဟောင်ကောင်မြို့ရှိ ဗဟိုအစိုးရရုံးအဆောက် အအုံ၌ စက်တင်ဘာ ၂၈ ရက်က မြန်မာ နိုင်ငံနှင့် ဟောင်ကောင်အထူး အုပ်ချုပ်ခွင့်ရ ဒေသတို့အကြား လေကြောင်းပို့ဆောင်ရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ ကြောင်း သိရသည်။ 
    အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦး အောင်ကျော် ထွန်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရ ဒေသပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင် ရေးဌာနဝန်ကြီးတို့မှ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ 
    အဆိုပါ သဘောတူစာချုပ်အရ  မြန်မာနိုင်ငံနှင့် ဟောင်ကောင်အထူးအုပ်ချုပ် ခွင့်ရဒေသတို့မှ လေကြောင်းလိုင်းများသည် ခရီးသည်တင်နှင့် ကုန်စည်တင်လေကြောင်း ခရီးစဉ်များကို အပြန်အလှန် ပျံသန်းနိုင်မည် ဖြစ်ကြောင်း သိရသည်။ 
    ယင်း အခမ်းအနားသို့ ဟောင်ကောင်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးဟန်ဝင်းနိုင်၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနမှ အရာထမ်းများ၊ မြန် မာအမျိုးသားလေကြောင်းနှင့် အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်းတို့မှ ကိုယ်စား လှယ်များ၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရ ဒေသပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင် ရေးဌာန၊ မြို့ပြလေကြောင်း ဦးစီးဌာနနှင့် လေဆိပ်အာဏာပိုင်အဖွဲ့တို့မှ အရာထမ်းများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

Total Views ~ 297

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43824

© 2022 - 2025 News. All Rights Reserved.