၂၀၂၃ ၊မတ်လ ၁၈
မြန်မာပြည်တွင်း နိုင်ငံရေးအခြေအနေ ပိုမိုရှုပ်ထွေးလာပြီး လူမှုရေး၊လုံခြုံရေး၊စီးပွားရေး ချွတ်ခြုံကျကာ ပြည်တွင်း စစ် ပိုမိုပြင်းထန်လာကြောင်း ပန်ဆန်းမြိုတွင်ကျင်းပခဲ့သည့် မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ၏ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေး အစည်းအဝေးတွင် PSLF/TNLA သောင်း ကျန်းသူအဖွဲမှ ဒုဗိုလ်ချုပ်ကြီးအဆင့်ရှိ တာအိုက်ဖုန်းက ဆွေးနွေးခဲ့ကြောင်း သိရသည်။
မတ်လ ၁၅ ရက်နှင့် ၁၆ ရက်များတွင် UWSA (ဝ)ဒေသ၊ ပန်ဆန်းမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့၏ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေး အစည်းအဝေးတွင် ပါဝင်တက်ရောက်ခဲ့သော PSLF/TNLA သောင်းကျန်းသူအဖွဲ့မှ ဒုဗိုလ်ချုပ်ကြီးအဆင့်ရှိ တာအိုက်ဖုန်၏ အကျဉ်းချုပ်ဆွေးနွေးတင်ပြချက်တွင် မြန်မာစစ်တပ်မှ အာဏာသိမ်းလိုက်သောကြောင့် မြန်မာပြည်၏ ပြည်တွင်းနိုင်ငံရေးအခြေအနေ ပိုမိုရှုပ်ထွေးလာပြီး နောက်ဆက်တွဲပြဿနာများဖြစ်သော လူမှုရေး၊ လုံခြုံရေးနှင့် စီးပွားရေး ချွတ်ခြုံကျမှုအခြေအနေတွင် ပြည်တွင်းစစ်ပိုမိုပြင်းထန်လာသဖြင့် ပြည်သူလူထုမှာ ဘက်စုံကျပ်တည်းမှုကို အလူးအလဲခံစားနေရသည်ဟူ၍ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ထိုအပြင် လက်ရှိအချိန်တွင် မြေပြန့်ဒေသဘက်တွင် နေ့စဉ်ရက်ဆက် မြေပြင်တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ လေကြောင်းစစ်ဆင်ရေးလုပ်ဆောင်နေသည့်အတွက် လူထု၏ရပ်ရွာနေအိမ်များစွာ မီးလောင်ပျက်စီးကာ နေ့စဉ်ဖမ်းဆီးညှဉ်းပန်းသတ်ဖြတ်ခံရသော အခြေအနေများရှိကြောင်း၊ နှစ်ပေါင်း ၆၀ ကျော်အတွင်း မြေပြန့်ဒေသတွင် မကြုံဖူးသော စစ်ဘေးရှောင်ပြည်သူ သိန်းနှင့်ချီပြီး အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း၊ တချိုတိုင်း ရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲများ၏ နေရာဒေသတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး ကျန် တိုင်းရင်းသားတော်လှန်ရေးအဖွဲအစည်းဒေသများတွင်လည်း စစ်ရေးအခြေအနေ ပိုမိုတင်းမာလာနေသည်ကို တွေ့မြင်ရသည်ဟူ၍လည်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။