Breaking

မြန်မာဖူဆယ်အသင်း AFC ပြိုင်ပွဲအကြို ခြေစမ်းပွဲတွင် အာဖဂန်နစ္စတန်အသင်းနှင့် တစ်ပွဲနိုင် တစ်ပွဲရှုံးရလဒ် ရရှိထား

ရန်ကုန်၊ ဧပြီ ၁
    အာရှဖူဆယ်ဖလားပြိုင်ပွဲ AFC သို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားသည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းအနေဖြင့် မတ်လ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် အိမ်ရှင်အဖြစ် လက်ခံကာ အာဖဂန်နစ္စတန် အသင်းနှင့် ယှဉ်ပြိုင်ကစားရာ တစ်ပွဲနိုင်တစ် ပွဲရှုံးရလဒ်ရရှိခဲ့ကြောင်း သိရသည်။
    ဖူဆယ်ကစားနည်း ကမ္ဘာ့အဆင့် သတ်မှတ်ချက်အရ အာဖဂန်နစ္စတန်အသင်းမှာ အဆင့် သတ်မှတ်ချက် ၅၀ ၌ ရပ်တည်နေ သောအသင်းဖြစ်ပြီး မြန်မာအသင်းမှာ အဆင့် ၈၂ တွင် ရပ်တည်နေသော အသင်းဖြစ်သည်။ မတ်လ ၃၀ ရက်က ပထမအကျော့ ချစ်ကြည်ရေးခြေစမ်းပွဲစဉ်တွင် အာဖဂန်နစ္စ တန်အသင်းက အနိုင်ရရှိခဲ့ပြီး ဒုတိယ အကျော့ယှဉ်ပြိုင်ကစားမှုကို မတ် ၃၁ ရက် ညနေ ပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏအမျိုးသား အားကစားပြိုင်ကွင်းအတွင်း ခြေစမ်းပွဲယှဉ် ပြိုင်ကစားကြရာ၊ ပြိုင်ဘက်အသင်းကို လေးဂိုးသွင်းယူကာ အနိုင်ရရှိခဲ့သည်။ ပွဲစဉ်တွင် မြန်မာအသင်းအနေဖြင့် ပွဲကစားချိန်တွင် လေးဂိုးသွင်းယူနိုင်ခဲ့ပြီး ပြိုင်ဘက် အာဖဂန် နစ္စတန်အသင်းက ချေပဂိုးနှစ်ဂိုး ပြန်လည်သွင်း ယူနိုင်ခဲ့သည်။
    မြန်မာအသင်းအနေဖြင့် ယခု ခြေစမ်းပွဲပြီးပါက ဧပြီလအတွင်း ထိုင်းနိုင်ငံသို့ ထွက်ခွာမည် ဖြစ်ကာ ကူဝိတ်၊ ကာဂျစ်စ တန်အသင်းများနှင့်လည်း လေ့ကျင့်ရေးခြေစမ်းပွဲ ထပ်မံယှဉ်ပြိုင်က စားသွားမည်ဖြစ်သည်။ ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အုပ်ချုပ်နည်းပြအဖွဲ့ဝင် ကိုး ဦး၊ ကစားသမား ၂၀ ဖြင့် သုဝဏ္ဏ အားကစားကွင်းအတွင်းရှိ လက်ရွေးစင် ကစားသမားများ အဆောင်တွင် ပြည်တွင်းလိဂ်ပွဲ စဉ်များအပြီး စတင်စခန်းသွင်း လေ့ကျင့်ခဲ့ ခြင်းဖြစ်သည်။
    AFC Futsal Asain Cup 2024 (အာရှဖူဆယ်ပြိုင်ပွဲ နောက်ဆုံးအဆင့်) ပွဲစဉ်များကို ဧပြီလ ၁၇ ရက်မှ ၂၈ ရက်အထိ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ သွားမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသော ယင်းပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Huamark Stadium နှင့် Bangkok Arena တို့တွင် ကျင်းပမည်ဖြစ်သည်။ မြန်မာ့လက် ရွေးစင်ဖူဆယ်အသင်းသည် AFC Futsal Asain Cup 2024 ပြိုင်ပွဲ၏ အုပ်စု(က)တွင် အိမ်ရှင် ထိုင်းအသင်း၊ ဗီယက်နမ်အသင်း၊ တရုတ်အ သင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

Total Views ~ 323

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43939

© 2022 - 2025 News. All Rights Reserved.