မြန်မာလူမျိုးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ အနုပညာ၊ အမျိုးသားရေး စရိုက်လက္ခဏာများ  ဆက်လက်ရှင်သန်ဖြစ်ထွန်းနေစေရေး အနုပညာစွမ်းပကားဖြင့် စွမ်းဆောင်ပေးကြရန် နိုင်ငံတော်ဝန်ကြီးချုပ် တိုက်တွန်း 

ရန်ကုန်၊ အောက်တိုဘာ ၁၇
    နှစ်ပေါင်းထောင်ချီ ခမ်းနားထည်ဝါစွာ ဖွံ့ဖြိုးစည်ပင်ခဲ့သည့် မြန်မာလူမျိုးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာနှင့် ကိုယ်ပိုင်အမျိုးသားရေး စရိုက်လက္ခဏာများ တင့်တင့်တယ်တယ် ဆက်လက်ရှင်သန်ဖြစ် ထွန်းနေစေရန် အနုပညာစွမ်းပကားဖြင့် စွမ်းဆောင်ပေးကြရန် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်း မှာကြားခဲ့သည်။
    နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင်  အောက်တိုဘာ ၁၄ ရက်က ပြုလုပ်သည့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် တက်ရောက်အမှာစကားပြောကြားစဉ် နိုင်ငံတော်ဝန်ကြီးချုပ် က အနုပညာရှင်များအားလုံးကို တိုက်တွန်းမှာကြားခဲ့သည်။
    မြန်မာလူမျိုးတို့၏ သမိုင်းကြောင်း ခိုင်မာနက်ရှိုင်းမှုနှင့် ယဉ်ကျေးမှုအဆင့်အတန်း ဝင့်ထည်မြင့်မားမှုတို့ကို ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲနေအောင် အနုပညာစွမ်းပကားဖြင့် စွမ်းဆောင်ပေးကြရန်၊ မျိုးဆက်သစ်လူငယ်များကို အမျိုးသားရေးစိတ်ဓာတ် ကိုယ်ခံအား ပြည့်ဝခိုင်မာအောင် အနုပညာစွမ်းပကားဖြင့် စွမ်းဆောင်ပေးကြရန် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။
    မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို အစဉ် အလာမပျက် ဆင်နွှဲကျင်းပနိုင်ခြင်းသည်လည်း မြန်မာလူမျိုးတို့၏ ဇာတိသွေးဇာတိမာန်နှင့် အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်း မြှင့်တင်ပေးသည့် ကြိုးပမ်းမှု၊ တစ်နည်းအား ဖြင့် အမျိုးသားရေးစိတ်ဓာတ်ကို ပိုမိုတက်အောင် လှုံ့ဆော်ပေးသည့် ကြိုးပမ်းမှုတစ်ရပ်ဖြစ်သကဲ့သို့ အမျိုးသားယဉ်ကျေးမှုများ အရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် အမျိုးသားရေးကိုယ်ခံအား တည်ဆောက်ပေးလျက်ရှိရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ အထောက်အကူပြု စွမ်းဆောင်ပေးလျက်ရှိ ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ထို့အပြင် ယခုနှစ် ငွေရတုပြိုင်ပွဲ ကြီး၏ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းရင်းသားများ၏ ရိုးရာတူရိ ယာများနှင့် စုပေါင်းတီးခတ်ထားသည့် တေးဂီတများဖြင့် ဖျော်ဖြေတင်ဆက်ကြခြင်းအပြင် ထူးခြားသောဝိသေသ ဖြစ်သည့် ပြည်နယ်များ၏ တိုင်းရင်းသားရိုး ရာတေးဂီတများနှင့် ဂုဏ်ပြုဖျော်ဖြေနိုင်ခြင်းသည်လည်း ပြည်ထောင်စုဖွား မြန်မာတိုင်းရင်းသားအားလုံး၏ ရိုးရာအနုပညာအမွေ အနှစ်တန်ဖိုးများ ကို ဖော်ထုတ်ပြသနိုင်ရုံ သာမကဘဲ သွေးစည်းညီညွတ်မှုကိုပါ အနုပညာဖြင့် သက်သေပြု တင်ဆက် ပြသခြင်းပင် ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။
    ခေတ်အဆက်ဆက် ထွန်းကားလာခဲ့သည့် မြန်မာ့ယဉ်ကျေးမှု အနုပညာရပ်များသည် မြန်မာနိုင်ငံ သူ့ကျွန်ဘဝရောက် ခဲ့ရပြီးနောက် ကိုလိုနီနယ်ချဲ့တို့၏ ဖိနှိပ်ချိုးနှိမ်မှုများကို ခံခဲ့ရကြောင်း၊ သို့သော် မြန်မာအနုပညာရှင်များအနေဖြင့် ကိုလိုနီနယ်ချဲ့များ၏ ဖိနှိပ်မှုများကို ကြံ့ကြံ့ခံတွန်းလှန်ပြီး  အမျိုးသားရေးစိတ်ဓာတ်အပြည့်ဖြင့် ကြိုးပမ်းထိန်းသိမ်းလာခဲ့ကြသည့်အတွက် ယနေ့အထိ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုပညာရပ်များသည် မြန်မာ့ရိုးရာ သွင်ပြင်ဟန်ပန်အတိုင်း ရှေးမူမပျက် ဆက်လက် ဖြစ်ထွန်းနေသည်ကို ဂုဏ်ယူဝင့်ကြွားဖွယ် တွေ့မြင်ကြရ မည်ဖြစ်ကြောင်း နိုင်ငံတော်ဝန် ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့် သွင်းပြောကြားခဲ့သည်။  နဒီ

Total Views ~ 200

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43739

© 2022 - 2025 News. All Rights Reserved.