မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကျရောက်သည့်  ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် အကျဉ်းသား ၂၁၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

ရန်ကုန် ၊ မေ ၃

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ် ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရန် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် (မေ ၃)တွင် အကျဉ်းထောင်/အချုပ်ထောင်/စခန်း အသီးသီးတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ ၂၁၅၃ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်အမှတ် ၃၁ / ၂ဝ၂၃ဖြင့် ကြေညာခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင်/စခန်း အသီးသီးတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ ၂၁၅၃ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ " နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် " ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့်ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သည်ဟူ၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖော်ပြထားသည်။

Total Views ~ 222

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43368

© 2022 - 2025 News. All Rights Reserved.