Breaking

မြန်မာအလုပ်သမား ၁၈၀၀ ခန့် ခေါ်ယူမည့် ဂျပန်နိုင်ငံမှ အလုပ်ကမ်းလှမ်းစာများ ရရှိထား

၂၀၂၃ အောက်တိုဘာ ၁၆
    ၂၀၂၃ ခုနှစ်စက်တင်ဘာ ၁၆ ရက်မှ အောက်တိုဘာ ၁၆ ရက်အထိ ဂျပန်နိုင်ငံမှ မြန်မာအလုပ်သမား ၁၈၀၀ ခန့်ခေါ်ယူမည့် အလုပ်ကမ်းလှမ်းစာများရရှိထား ကြောင်း ဂျပန်နိုင်ငံအခြေစိုက် မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
    ဂျပန်ကုမ္ပဏီ ၂၀၀ ကျော်က မြန်မာအလုပ်သမားဦးရေ ၈၀၀ ခန့် ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန် မာသံရုံးက  အောက်တိုဘာလ ၁၆ ရက်တွင် ထုတ်ပြန်ထားပြီး အောက်တိုဘာလ ၃ ရက် မှ ၁၆ ရက်အတွင်းစိစစ်ပြီး နိုင်ငံခြားရေးဝန် ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ် ကမ်းလှမ်းစာ ၂၄၃ ခုတွင် အမျိုးသား ၃၀၀ ကျော်၊ အမျိုးသမီး ၅၀၀ ခန့် စုစုပေါင်း ဦး ရေ ၈၀၀ ကျော် ခေါ်ယူရန် ဖော်ပြထားသည်။
    အဆိုပါ အကြောင်းကြားစာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမား ကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများအနေဖြင့် ဂျပန်နိုင်ငံတွင် တရား ဝင် တည်ထောင်ထားခြင်း ရှိ၊မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး ယင်းစိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ် ချက်များကို နိုင်ငံခြားရေးဝန်ကြီး ဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခြင်းဖြစ်ကြောင်း သိရသည်။ 
    ထို့အပြင် မြန်မာလုပ်သား ၁၀၀၀ နီးပါးခေါ်ယူမည့် ဂျပန်ကုမ္ပဏီ ၃၁၄ ခုမှ အလုပ်ကမ်းလှမ်းစာများ ရရှိထားကြောင်း ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံး၏ အောက်တိုဘာလ ၂ ရက်တွင် ထုတ်ပြန် ချက်အရသိသည်။ 
    မြန်မာသံရုံး တိုကျိုမြို့မှ ၂၀၂၃  ခုနှစ် စက်တင်ဘာလ ၁၆ ရက်မှ အောက်တို ဘာလ ၂ ရက်အတွင်း စိစစ်ပြီး နိုင်ငံခြား ရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ ၃၁၄ ခုနှင့် ပတ်သက်သည့် အချက်အလက်များအား အသိပေးအကြောင်းကြားထားပြီး ထုတ်ပြန်ချက်အရ  မြန်မာအလုပ်သမား အမျိုးသား ၃၀၀ကျော်၊ အမျိုးသမီး ၆၀၀ ခန့်၊ စုစုပေါင်းဦးရေ ၁၀၀၀ နီးပါး ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။ 
    မြန်မာသံရုံး တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနမှ နိုင်ငံခြားရေး ဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter)များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပေး လျက်ရှိပြီး ဂျပန်နိုင်ငံရှိ အလုပ်သမားကြီး ကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ကုမ္ပဏီများ သည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/မရှိ စာရွက်စာတမ်းအထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ် ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည် ပေးပို့လျက်ရှိကြောင်း သိရသည်။
    ၂၀၂၃ ခုနှစ် စက်တင်ဘာလ အ တွင်းကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စိစစ်ပေးပို့ပြန်ကြားခဲ့သော အလုပ်ကမ်းလှမ်း စာ ၃၄၂ ခုကို မြန်မာသံရုံး၊ တိုကျိုမြို့က ထုတ်ပြန်ခဲ့သည်။

Total Views ~ 216

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43848

© 2022 - 2025 News. All Rights Reserved.