မြန်မာ့ ဂျင်း ဘင်္ဂလားဒေ့ရှ် မှာ ဈေးတက်

၂၀၂၃ ၊ မေ ၊  ၂၉

ဘင်္ဂလားဒေ့ရှ် ဒါကာဈေးကွက်မှာ ဒေသတွင်း ဂျင်းလိုအပ်ချက်ကြောင့် မြန်မာပို့ကုန်ဂျင်းဈေးနှုန်း ခုန်တက်လာတယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။

 မြန်မာနိုင်ငံကတင်သွင်းတဲ့ဂျင်းက ဒါကာလက်လီဈေးကွက်မှာ တစ်ကီလို ၃၅၀ ကာတာနဲ့ ရောင်းချနေရတယ်လို့ ဒါကာမြို့ရှိ လက်လီရောင်းချသူများနှင့် လက်လီရောင်းချသူတွေက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ဈေးကွက်မှာ ဒေသတွင်း ဂျင်းနဲ့ ကြက်သွန်နီများစွာထွက်ရှိပေမယ့် ပြည်တွင်းလိုအပ်ချက်ကြောင့် ပြည်ပတင်သွင်းမှုအပေါ်မှီခိုနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်ဈေးကွက်သို့ တရုတ်နိုင်ငံက ဂျင်း တင်သွင်းမှုရှိပေမယ့် တရုတ်ကတင်သွင်းတဲ့ ဂျင်းဟာ လက်လီဈေးကွက်မှာ တစ်ကီလို ၃၇၀ ကာတာ အထိရှိတဲ့အတွက်ကြောင့် ဈေးနှုန်းသက်သာပြီး လမ်းခရီးနီးတဲ့ မြန်မာ့ဂျင်းကို အဓိကထားတင်သွင်းကြတယ်လို့ သိရပါတယ်။

ဒါကာဈေးကွက်အတွင်း ပြည်တွင်းနဲ့ တရုတ် ဂျင်းတို့ဟာ တစ်နှစ်လုံးနီးပါးဈေးကွက်ကိုလွှမ်းမိုးမှုရှိခဲ့ပေမယ့် လက်ရှိ နှစ်မျိုးစလုံးပြတ်လပ်နေတဲ့အတွက် မြန်မာ့ဂျင်းဈေးနှုန်း မြင့်တက်လာနေတယ်လို့ သိရပါတယ်။

“အဓိကကတော့ ဂျင်းအဝင် ပြတ်လပ်မှုကြောင့် ဂျင်းဈေးက မငြိမ်မသက်ဖြစ်နေပါတယ်။ လက်ရှိတွင် မြန်မာဂျင်းကို တာကာ ၂၄၀-၂၄၅ ဖြင့် ရောင်းချနေကြပါတယ်။ ဗီယက်နမ်ဂျင်း တစ်ကီလိုလျှင် ၂၅၀-၂၆၀ တာကာ ဈေးရှိပါတယ်"လို့ စစ်တကောင်းက ကုန်သည်တစ်ဦးကဆိုထားပါတယ်။

လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးကော်ပိုရေးရှင်း Trading Corporation of Bangladesh TCB ရဲ့ ဈေးကွက် လေ့လာဆန်းစစ်ချက်အရ ဂျင်းဈေးနှုန်းဟာ ပြီးခဲ့တဲ့တစ်လအတွင်း ၈၀ ရာခိုင်နှုန်းနီးပါးမြင့်တက်လာပြီး ဒေါ်လာလဲလှယ်နှုန်းကြောင့်လည်း ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ကုန်စည်ဈေးတွေတက်လာတယ်လို့ သိရပါတယ်။

လက်ရှိ ဂျင်းတင်သွင်းမှုကုန်ကျစရိတ်ကများပြားတဲ့အတွက်ကြောင့် အမြတ်အစွန်းမရနိုင်ဘူးလို့ ယူဆလို့ ကုန်သည်အများအပြားက ဂျင်းတင်သွင်းမှုရှောင်ကြဉ်နေကြပေမယ့် စားသုံးမှုလိုအပ်ချက်ကြောင့် ဆက်လက်တင်သွင်းတာတွေရှိသလို မြန်မာ့ဂျင်းဈေးနှုန်းလည်း ပိုမိုရရှိလာတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတွင်းဈေးကွက်မှာဆိုရင်လည်း ဂျင်းအဝင်နည်းတဲ့အတွက် ဂျင်းတစ်ပိဿာ ကျပ် ၂၅၀၀ မှ ယခုမေလကစတင်ကာ ဂျင်းတစ်ပိဿာ ၅၀၀၀ ကျပ်ထိ ဈေးရှိလာတယ်လို့လည်း သိရပါတယ်။

Total Views ~ 299

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43503

© 2022 - 2025 News. All Rights Reserved.