ရန်ကုန်၊ သြဂုတ် ၆
မြန်မာ့တပ်မတော်နှင့် မျိုးချစ် ပြည်သူများဦးဆောင်ဆင်နွှဲနေသည့် တရားသောစစ်အောင်မြင်ရေး ပြည်သူအားလုံး ယုံကြည်စွာ ဝိုင်းဝန်းပေးကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်သည်။
နိုင်ငံတော်၏ လုံခြုံရေးဆိုင်ရာအ ခြေအနေများနှင့်ပတ်သက်၍ သြဂုတ် ၅ ရက်က ပြောကြားခဲ့သည့် မိန့်ခွန်းတွင် နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းသို့ ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာ့တပ်မတော်သည် မြန်မာပြည်ကြီး လွတ်လပ်ရေးရရှိရေးအတွက် ပြည်သူထဲက ပေါက်ဖွားလာသည့် အမျိုးသားရေး စိတ်ဓာတ် အပြည့်ရှိပြီး စွန့်လွှတ်အနစ်နာခံမည်ဆိုသောစိတ် တစ်ခုတည်းနှင့်သာ မျိုးချစ်လူငယ်များဖြင့် စတင်တည်ထောင်ခဲ့သည့် တပ်မတော်ဖြစ်သကဲ့သို့ တပ်မတော်ကပဲ အခက်အခဲအမျိုးမျိုးကြားမှ ပြည်သူတစ်ရပ်လုံး၏ အားပေးထောက်ခံမှုနှင့် နိုင်ငံတော်တစ်ခုလုံး၏ လွတ်လပ်ရေးကို အရယူပေးနိုင်ခဲ့ကြောင်း၊ ယခုအချိန်တွင်လည်း ရှေ့တန်းစစ်မျက်နှာ အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေး တာဝန်တွေကို ရွပ်ရွပ် ချွံချွံ ထမ်းဆောင်နေကြသည့် တပ်မတော်သားများကို နိုင်ငံချစ်စိတ်ရှိသည့် ပြည်သူလူထုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများမှ စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ရေးပစ္စည်းများ၊ အားပေးစာများကို တစ်ခဲနက်ဆောင်ရွက်ပေး နေကြတာကိုလည်း အားရဖွယ်ရာတွေ့ရကြောင်း၊ အလားတူတည်ငြိမ်အေး ချမ်းမှုကိုလိုလားသည့် နိုင်ငံရေးပါတီများနှင့် ပြည်သူ့အဖွဲ့အစည်းအသီးသီးက အကြမ်းဖက်လုပ်ရပ်များကို ကန့်ကွက်ရှုတ်ချမှု၊ မျိုး ချစ်စိတ်၊ နိုင်ငံချစ်စိတ်ကိုအရင်းခံပြီး ဠသူကည-အနနမ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများက တပ်မတော်နှင့်နိုင်ငံတော်ကို ဝိုင်းဝန်းပြောဆို ထောက်ခံအားပေးနေမှုများကိုလည်း တွေ့ရှိရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
"နိုင်ငံတော်အစိုးရနဲ့ တပ်မတော်အနေနဲ့ ယခုလို ဆောင်ရွက်ပေးမှုများအတွက် အထူးကျေးဇူး တင်ရှိကြောင်းနဲ့ ခွန်အားများ ဖြစ်ပေါ်ရသည်ကိုလည်း ပြောကြားလိုပါတယ်"ဟူ၍ တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်တွင် ရရှိပြီးသား လွတ်လပ်ရေး ကြီးတည်တံ့နေရေး ပြည်ထောင်စုကြီး တည်တံ့နေရေး၊ ပြည်သူ့ရှေ့မှ မားမားမတ်မတ်ရပ်တည်၍ ကာကွယ်စောင့် ရှောက်ပေးခဲ့သည်မှာ ယနေ့အချိန်အထိလည်း ဖြစ်ကြောင်း၊ ယနေ့အချိန်အခါတွင်လည်း နိုင်ငံတော် တည်တံ့ခိုင်မြဲရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် နိုင်ငံတော်ကာကွယ်ရေးတာဝန်များထမ်းဆောင်ရင်း ကျဆုံး၊ ပျောက်ဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ရဲမေများ၊ မိသားစုဝင်များအတွက်များစွာ စိတ်မကောင်း ဖြစ်ရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
"သူတို့ရဲ့ စွန့်လွှတ်စွန့်စားမှုကို ဘယ်တော့မှမေ့ပျောက်ပစ်မှာ မဟုတ်ပါဘူး။ နိုင်ငံတော်အစိုးရ၊ တပ်မတော်အနေနဲ့ ချီး ကျူးဂုဏ်ပြုခြင်းများ၊ ရရှိရမယ့်အခွင့်အရေးများနဲ့ ကူညီစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးသွားမှာလည်း ဖြစ်ပါတယ်"ဟူ၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြော ကြားခဲ့သည်။
ထို့ကြောင့် မြန်မာ့တပ်မတော် သားတိုင်းသည် ရှေးကလွတ်လပ်ရေးအတွက် အသက်ခန္ဓာ စွန့်လွှတ်ကာ တိုက်ပွဲဝင်ခဲ့ကြသည့် စစ်သည်တော်များကဲ့သို့ တန်ဖိုးရှိသည့် ပြည်သူ့သားကောင်း ရတနာများဖြစ်ကြောင်း နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ဂုဏ်ပြုပြောကြားခဲ့သည်။
သတင်းအဖွဲ့