မြန်မာ့ထောပတ်သီး အေးခဲအနှစ်များ မလေးရှားသို့ တင်ပို့နိုင်ရန် ရာခိုင်နှုန်း ၉၀ အထိ သဘောတူညီမှုရရှိထား

ရန်ကုန်၊ နိုဝင်ဘာ ၂၀
    မြန်မာ့ထောပတ်သီးကို တန်ဖိုး မြင့် ထုတ်ကုန်ပြုလုပ်ထားသည့် အေးခဲအနှစ်များကို မလေးရှားနိုင်ငံသို့တင်ပို့ရန် သဘောတူညီမှု ရာခိုင်နှုန်း ၉၀ အထိ ရရှိထားပြီဖြစ်ကြောင်း မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    ]]ကျွန်တော်တို့ ထောပတ်သီးကို အေးခဲအနှစ်အနေနဲ့ တင်ပို့ဖို့ နမူနာပေးပို့ ခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာက ထောပတ်သီးကို အရင်က မိရိုးဖလာနည်းအတိုင်း စိုက်ပျိုးကြတယ်။ နောက်ပိုင်းမှာ ပြည်ပကို တင်ပို့ဖို့အတွက် Quality  ပြည့်မီအောင် လေ့လာပြီး နည်းစနစ်မှန်ကန်အောင် စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် ထောပတ်သီး Export စံချိန်မီ တင်ပို့နိုင်မှာ ဖြစ်ပါတယ်ဟု ၎င်းင်းက ဆက်လက် ပြောကြားခဲ့သည်။
    လက်ရှိ အေးခဲထော ပတ်သီးအနှစ်များကို တင်ပို့ရန်စီစဉ်လျက်ရှိကာ မလေးရှားနိုင်ငံသို့ နမူနာပေးပို့ခဲ့ရာ ဝယ်ယူမည့် လုပ်ငန်းစဉ်များ ဆောင်ရွက်မှု ရာခိုင်နှုန်း ၉၀ ပြီးစီးပြီဖြစ်သဖြင့် ဈေးနှုန်းညှိနှိုင်းရန် အဆင့်သာကျန်ရှိတော့ကြောင်း၊ ယင်းထော ပတ်သီးအနှစ်များ တင်ပို့နိုင်သည့်အတွက် ထောပတ်သီး စိုက်ပျိုးထုတ်လုပ်သော တောင်သူများအနေဖြင့် Export စံချိန်မီသည့် အသီးများအား အလုံးတိုင်း တင်ပို့နိုင်မည်ဖြစ်သလို စံချိန်မမီသည့် အသီးများကိုလည်း အေးခဲအနှစ်ပြုလုပ်ပြီး တင်ပို့ခြင်းဖြင့် ဈေးကောင်းရရှိမည်ဖြစ်ကြောင်း၊ ၂၀၂၅ -၂၆ ခုနှစ်တွင် ထောပတ်သီးကဏ္ဍမှ ပြည်ပဝင်ငွေရရှိရန် နှစ်နိုင်ငံအစိုးရချင်း ချိတ်ဆက်ရန် ကြိုးစားလျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ ထောပတ်သီးကို ရှမ်း ပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တို့၌ အများဆုံး စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။ သက်မှူး

Total Views ~ 281

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43724

© 2022 - 2025 News. All Rights Reserved.