Breaking

မြန်မာ့ဘောလုံး ရွှေခေတ်အောင်မြင်မှု ဒီဇိုင်းများ ထည့်သွင်းထားသည့် ဂျာစီသစ်ကို ရက်ပိုင်းတွင်း ဖြန့်ဖြူးရောင်း ချမည်

၂၀၂၃ နိုဝင်ဘာ ၁၃
    မြန်မာ့ဘောလုံး ရွှေခေတ်အောင်မြင်မှု ဒီဇိုင်းများ ထည့်သွင်းထားသည့် ဂျာစီသစ်ကို အများ ပြည်သူ ဝယ်ယူအားပေးနိုင်စေ ရန်အတွက်လည်း မကြာမီရက်ပိုင်းအတွင်း စတင်ဖြန့်ဖြူး ရောင်းချပေး သွားမည် ဖြစ်ကြောင်း Warrix Myanmar မှ သိရသည်။
    မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းများအတွက် ဂျာစီဒီဇိုင်းအသစ် Myanmar Jersey 2023-24   ကို Warrix က ထုတ်လုပ်ထားပြီး ဒီဇိုင်းအသစ်တွင် မြန်မာ့ လက်ရွေးစင်အသင်း၏ အမှတ်တံဆိပ်အသစ်ကိုပါ စတင်ပြောင်းလဲ အသုံးပြုထားခြင်း၊ မြန်မာ့ဘောလုံး၏ ရွှေခေတ်အောင်မြင်မှု ဆုဖလားများကို ဒီဇိုင်းဆွဲ၍ ထည့်သွင်းပေးထားခြင်း၊ ရှေ့သို့တက်လှမ်းခြင်း သင်္ကေတများ ပခုံးနှစ်ဖက်တွင်ပါရှိခြင်း စသည့် ဝိသေသလက္ခဏာများ ပါဝင်ကြောင်းသိရသည်။ 
    မြန်မာ့ လက်ရွေးစင်အသင်း ဂျာ စီဒီဇိုင်းအသစ်ကို၂၀၂၆ ကမ္ဘာ့ဖလား ခြေ စစ်ပွဲစဉ်များ၊ ၂၀၂၇ အာရှဖလား ခြေစစ်ပွဲ စဉ်များနှင့် ၂၀၂၃-၂၄ ခုနှစ် နိုင်ငံတကာ ပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် အမျိုးသား၊ အမျိုးသမီးအသင်းများ၊ သက်တမ်းအလိုက်အသင်းများ၊ ဖူဆယ်လက်ရွေးစင် အသင်းများ ဝတ်ဆင်သွားမည်ဖြစ် ကြောင်းနှင့် ဂျာစီဒီဇိုင်းအသစ်အား နိုဝင်ဘာ ၁၆ ရက်တွင်ကျင်းပမည့် ဂျပန်နှင့် မြန်မာအသင်း တို့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် (ဒုတိယအဆင့်)မှ စတင်ကာ မြန်မာ့လက်ရွေးစင်အသင်း ဝတ်ဆင်ကစားသွားမည်ဖြစ် ကြောင်း သိရသည်။ 
    Warrix မှထုတ်လုပ်သည့် မြန်မာ့လက်ရွေးစင်အသင်းဂျာစီများအား အရောင်အားဖြင့် အဖြူ၊ အနီ နှင့် အပြာ သုံးမျိုး ထုတ်လုပ်ပေးထားပြီး လက်ရွေးစင်အသင်း အမှတ်တံဆိပ်နှင့် Warrix တံဆိပ်တို့မှာ ဖောင်းကြွ ဆီလီကွန်တံဆိပ်များအဖြစ် တန်ဆာဆင်ရိုက်နှိပ်ထားကြောင်း သိရသည်။

Total Views ~ 180

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43879

© 2022 - 2025 News. All Rights Reserved.