Breaking

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ယှဉ်ပြိုင်ကစားရမည့် AFC Futsal Asian Cup 2024  အုပ်စုများ ထွက်ပေါ်

၂၀၂၃၊ ဒီဇင်ဘာ ၂၀
    AFC Futsal Asian Cup 2024 အုပ်စုမဲခွဲပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၄ ရက်က မလေးရှားနိုင်ငံ အာရှဘောလုံးအဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့ရာ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အိမ်ရှင် ထိုင်းအသင်း၊ ဗီယက်နမ်အသင်း၊ တရုတ်အသင်းများနှင့်အတူ အုပ်စု(က)၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
    အဆိုပါ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်ရောက်ရှိသော အသင်းလေးသင်းသည် ဥဇဘက်ကစ္စတန်နိုင်ငံတွင် ကျင်းပမည့် ဖူဆယ်ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ရောက်ခွင့်ရရှိမည် ဖြစ်သည်။ ဥဇဘက်ကစ္စတန် အသင်းအနေ ဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပါက ကွာတားဖိုင်နယ်တွင် ရှုံးနိမ့်သော အသင်း အများအနေဖြင့် Play-Off ပွဲများ ပြန်လည်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဆင့်(၅) နေရာရရှိသော အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်မည် ဖြစ်သည်။
    မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အောက်တိုဘာလ အတွင်းက ကျင်းပခဲ့သည့် AFC Futsal Asian Cup 2024 ခြေစစ်ပွဲ အဖွင့်ပွဲစဉ်တွင် ပါလက်စတိုင်းကို ၂ ဂို ၁ ဂိုး၊ အိန္ဒိယကို ၂ ဂိုး ၅ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အိမ်ရှင်တာဂျစ်ကစ္စတန် အသင်းကို ရှုံးနိမ့်ခဲ့သော်လည်း ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။ AFC Futsal Asian Cup 2024 ပြိုင်ပွဲကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အုပ်စုပွဲစဉ်များကို ၂၀၂၄ ခုနှစ် ဧပြီ ၁၇ ရက်တွင် စတင်ကျင်းပသွားမည် ဖြစ်သည်။ 
    မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း၏ နည်းပြချုပ် Mr. BunLert Chara-Won ကို တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ် ဆိုထားပြီး ၂၀၂၃ ခုနှစ် ဇွန် ၁ ရက်မှ ၂၀၂၄ ခုနှစ် မေ ၃၁ ရက်အထိ တစ်နှစ်သက်တမ်းတိုးစားချုပ်ကို ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။
    Mr. BunLert CharaWong သည် မြန်မာ့လက်ရွေးစင်အသင်းအပြင် မြန်မာ ယူ-၁၈ ဖူဆယ်အသင်းကို လည်း ပူးတွဲတာဝန်ယူဆောင်ရွက်ခဲ့သူဖြစ်ကာ မြန်မာလက် ရွေးစင်ဖူဆယ်အသင်းနှင့်အတူ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် စတုတ္ထနေရာနှင့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် စတုတ္ထနေရာရရှိအောင် စွမ်းဆောင်ထားနိုင် ခဲ့သူလည်း ဖြစ်သည်။

Total Views ~ 281

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43930

© 2022 - 2025 News. All Rights Reserved.