Breaking

မြန်မာ့လက်ရွေးစင်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမအဆင့်အဖြစ်  မကာအိုအသင်းနှင့် ယှဉ်ပြိုင်ကစားမည်

၂၀၂၃ အောက်တိုဘာ ၉
    2026 FIFA World Cup Quali-fication ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမအဆင့် ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင် အသင်းနှင့် မကာအိုလက်ရွေးစင် အသင်းတို့သည် အောက်တိုဘာ ၁၂ ရက် (အိမ်ကွင်း)နှင့် အောက်တို ဘာ ၁၇ ရက် (အဝေးကွင်း)တို့တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိ ရသည်။
    မြန်မာ့လက်ရွေးစင်အသင်းသည် မကာအိုလက်‌ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖ လား‌ခြေစစ်ပွဲစဉ် (ပထမအဆင့်)အတွက် စုစည်းလေ့ကျင့်မှုများကို လာမည့်အောက်တိုဘာ ၇ ရက်တွင် စတင် ပြုလုပ်ခဲ့သည်။
    နည်းပြချုပ် မိုက်ကယ်၏ ပဏာမ လက်‌ရွေးစင်အသင်း လူစာရင်းသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် နီပေါအသင်းနှင့်‌  နိုင်ငံတကာ ခြေစမ်းပွဲစဉ်မှ လူစာရင်းကို အခြေခံရွေးချယ်ထားပြီး အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ယူ-၂၄ အသင်းမှ လူငယ်ကစားသမားများနှင့် ပေါင်းစပ်ဖွဲ့စည်းထား သည်။ မြန်မာနေရှင်နယ်လိဂ်တွင်  ခြေစွမ်း ပြသနေသည့် ဟံသာဝတီယူနိုက်တက်တိုက် စစ်မှူးအောင်မြတ်သူလည်း ပဏာမလက် ရွေးစင်လူစာ ရင်းတွင် ပါဝင်လာခဲ့သည်။
    အောက်တိုဘာလ ၇ ရက်လေ့ ကျင့်ရေးအစီအစဉ်တွင် ပြည်ပမှ ပြန်လည်ရောက်ရှိလာသည့် အောင်ကောင်းမာန်၊ စိုးမိုးကျော်၊ ဟိန်းထက်အောင်နှင့် ကမ္ဘောဒီး ယားနိုင်ငံတွင် AFC Cup  အဝေးကွင်းပွဲ စဉ် သွားရောက်ကစားခဲ့သော ရှမ်းယူနိုက်တက်မှ ကစားသမားများကို အပေါ့စားလေ့ကျင့်မှုများသာ ပြုလုပ်‌စေခဲ့ပါသည်။ အောင်သူ၊ မောင်မောင်လွင်၊ သန်းပိုင်၊ ဟိန်းဖြိုးဝင်း၊ ဝင်းနိုင်ထွန်း အစရှိသော ကစားသမားများ သည် အောက်တိုဘာ ၈ ရက်တွင် မြန်မာနိုင်ငံသို့ပြန်လည် ရောက်ရှိလာပြီး အသင်း နှင့် ပူးပေါင်းလေ့ကျင့်ခဲ့ကြောင်း သိရသည်။

Total Views ~ 176

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43839

© 2022 - 2025 News. All Rights Reserved.