၂၀၂၃ အောက်တိုဘာ ၂၄
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့ အောက်တိုဘာ ၂၃ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တွေ့ဆုံစဉ် ယင်းအချက်ကို ထည့်သွင်းဆွေး နွေးခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သည့် ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကိုအခြေခံ၍ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ ရပ်ဝန်းနှင့် ပိုးလမ်းမပူးပေါင်းဆောင်ရွက်ရေးမူဘောင်အောက်မှ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို နှစ်ဖက်အပြန်အလှန် အကျိုးဖြစ်ထွန်းမှုအ ပေါ် အခြေခံ၍ အရှိန်အဟုန်မြှင့် အကောင် အထည်ဖော်သွားရေးများလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြောင်း သိရသည်။
ထို့အပြင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်း အကောင်အထည် ဖော်နိုင်ရေး၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက် ကူညီဆောင်ရွက်ပေးသွားမည့်ကိစ္စများအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့်အာဆီယံနှင့် ကုလသမဂ္ဂတို့တွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် ရင်းနှီးပွင့် လင်းစွာ ဆွေးနွေးအမြင်ချင်းဖ လှယ်ခဲ့ကြကြောင်း သိရသည်။