မြန်မာ-ဘီလာရုစ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး

2023 စက်တင်ဘာ ၁9
    ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဘီလာ ရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂေး အယ်လယဲ နိခ်တို့သည် ဘီလာရုစ်သမ္မတနိုင်ငံ နိုင်ငံ ခြားရေးဝန်ကြီးဌာန၌ သီးသန့်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုး မြှင့်သွားရေးနှင့် နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန် ယုံကြည်မှု၊ နားလည်မှုနှင့် တန်းတူရည်တူ ရှိမှုတို့ကို အခြေခံကာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွား မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြ ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
    ဘီလာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂေး အယ်လယဲနိခ်၏ ဖိတ်ကြားချက် အရ ဘီလာရုစ်သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့သည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဘီလာရုစ်သမ္မတနိုင်ငံ မင့်စ် အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာ ၁၄ ရက်က ရောက်ရှိခဲ့သည်။ မြန်မာ-ဘီလာရုစ် နှစ်နိုင်ငံ ဆွေးနွေးပွဲကို ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဘီလာ ရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂေးအယ်လယဲနိခ်တို့က ပူးတွဲဦး ဆောင် ကျင်းပခဲ့ကြပြီး ဘီလာရုစ်သမ္မတနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရော်ဂန်နီးရှက်စသာကော့ဗ်၊ ဘီလာရုစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့် အရာရှိကြီးများပါ ဝင်တက်ရောက်ခဲ့ကြသည်။
    ဆွေးနွေးပွဲ၌ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးနှင့် ဆောင်ရွက်ဆဲ အကျိုးတူ ပူးပေါင်းဆောင် ရွက်မှုကိစ္စရပ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားနိုင်ရေး၊ နှစ်နိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးဌာနများအကြား ဆွေးနွေးပွဲများ ကျင်းပသွားရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန်အ လှန် ထိတွေ့ဆက်ဆံမှု အစရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့မြှင့်တင်သွား ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ 
    ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံနှင့် နိုင်ငံတ ကာမျက်နှာစာ အထူးသဖြင့် ကုလသမဂ္ဂမျက်နှာစာတွင် ဘီလာရုစ်နိုင်ငံက မှန်ကန်သည့် ရပ်တည်ချက်  အခြေခံကာနားလည်မှုနှင့် ခိုင်မာစွာထောက် ခံမှုများအတွက် မြန်မာနိုင်ငံအနေဖြင့် လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး မင့်စ်မြို့ ဖွင့်လှစ်နိုင်ရေးအတွက် ကူညီပံ့ပိုးပေး ခဲ့မှုများအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ 

Total Views ~ 211

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43808

© 2022 - 2025 News. All Rights Reserved.