၂၀၂၃ စက်တင်ဘာ ၁၃
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ ကျေးရွာပေါင်း ၁၄ ရွာအတွက် ထိုင်းမှ လျှပ်စစ်ဝယ်ပြီး ပြန်ဖြန့်ပေးမည့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးဌာနမှ သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစ၍ မြဝတီမြို့နယ်အနီးရှိ ကျေးရွာ ၁၄ ရွာတွင် နေထိုင်သော ကျေးလက်နေပြည်သူများ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူနေအိမ်များ အတွက် ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူ၍ ပြန်လည်ဖြန့်ဖြူးခြင်းလုပ်ငန်းကို ပြည်တွင်းကုမ္ပဏီများဖြင့် ဆောင်ရွက်လို သဖြင့် တင်ဒါခေါ်ယူထားခြင်း ဖြစ်သည်။
]]တင်ဒါခေါ်တာ မှန်ပါတယ်။ နိုင်ငံပိုင်သတင်းစာမှာလည်း ထည့်ထားပါ တယ်။ တင်ဒါမှာက ပညာရေး၊ ကျန်းမာရေးဆိုပြီး ထည့်ထားတာပေါ့။ အဓိကကတော့ လျှပ်စစ်မီးပေါ့။ ဟိုဘက်ကနေဝယ်ပြီး ဖြန့်ဖြူးရေးအပိုင်း လုပ်ပေးရမှာပေါ့။ နဂိုတုန်းက ကုမ္ပဏီတစ်ခု လုပ်နေတာရှိတယ်၊ ကြာပါပြီ။ ရှိပေမယ့် ပြန်ပြီးတော့ရွေးချယ်မှာပါ။ ''အားလုံးဝင်ပြိုင်လို့ရပါတယ်"ဟု ကရင်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူတစ်ဦးက တင်ဒါခေါ်ယူမှုနှင့်ပတ်သက်၍ ရှင်းပြ သည်။
တင်ဒါလျှောက်လွှာများကို ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ လျှပ်စစ်အင်ဂျင်နီ ယာရုံးတွင် စက်တင်ဘာလ ၁၃ ရက်မှ ၂၇ ရက်အထိ ရောင်းချပေးသွားမည်ဖြစ်ပြီး စက် တင်ဘာ ၂၀ မှ အောက်တိုဘာ ၄ ရက်အထိ အဆိုပါရုံး၌ပင် တင်ဒါလျှောက်လွှာများကို လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ အောက်တိုဘာ ၁၃ ရက်တွင် တင်ဒါဖွင့်လှစ် ကြေညာသွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတရေး ရာဝန်ကြီးဌာနမှ အသိပေး ကြေညာထား သည်။