၂၀၂၃ ဒီဇင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်တွင် ပြည်ပပို့ကုန် ရေငန်ပုစွန်မွေးမြူရေး ဧက ၁၅၀၀ ကျော်ရှိပြီး ထပ်မံတိုးချဲ့သွား မည်ဖြစ်ပြီး မွေးမြူရေးလုပ်ငန်း ခုနစ်ခုထိ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန(မြိတ်ခရိုင်)မှ ဒုတိယညွှန် ကြားရေးမှူး ဦးဇော်မင်းဦးက ပြောကြားခဲ့ သည်။
"မြိတ်ခရိုင်အတွင်းမှာရှိတဲ့ ပုလောမြို့နယ်နဲ့ ကျွန်းစုမြို့နယ်မှာ မွေးမြူရေးလုပ်ငန်းလေးခုရှိပြီး အခုဘဏ္ဍာနှစ်ထဲမှာ မွေးမြူရေးလုပ်ငန်းခုနစ်ခုထိ တိုးချဲ့ဆောင် ရွက်သွားမှာပါ။ အခု ကျွန်းစုမြို့နယ်မှာ မွေးမြူရေးလုပ်ငန်းသုံးခု တိုးချဲ့လုပ်ကိုင်နေပါတယ်။ ငါးဖမ်းလုပ်ငန်းက ရေသယံဇာတကို ထုတ်ယူသုံးစွဲရ တာဖြစ်တဲ့အတွက် အကန့်အသတ်ရှိပါတယ်။ ရေထွက်ကုန် မွေးမြူရေး လုပ်ငန်းကိုတော့ တိုးချဲ့သွားမှာ ဖြစ်ပါတယ်"ဟု ၎င်းင်းက ပြောကြားခဲ့သည်။
မြိတ်ခရိုင်တွင် ပြည်ပပို့ကုန် ရေထွက်ကုန်လုပ်ငန်းများအနေဖြင့် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းနှင့် ရေငန်ပုစွန်မွေးမြူ ရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြောင်း၊ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ရာတွင် မြိတ်ခရိုင်အခြေစိုက် ကမ်းဝေးငါးဖမ်း စက်လှေ အစီးရေ ၁၀၀၀ ကျော်ရှိပြီး ပင် လယ်ပြင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသည့် ကမ်းဝေးငါးဖမ်းစက်လှေ အစီးရေ ၉၀၀ ခန့်ရှိကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ရေထွက်ကုန်တင်ပို့မှုအနေဖြင့် ကော့သောင်းခရိုင်၊ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့မှ ရေထွက် ကုန်များဖြစ်သည့် ငါး၊ ပုစွန်များနှင့် အခြားရေထွက်ကုန်များကို လမ်းကြောင်း ငါးခုဖြင့် ပြည်ပသို့ တင်ပို့လျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသို့ ကုန်းလမ်းနှင့် ရေလမ်းတို့ မှတင်ပို့ကာ ထိုမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့နေကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။