Breaking

မြို့ ပြနှင့် အိမ်ရာစီမံကိန်းများ တည်ဆောက်ရာတွင် Town Plan များရေးဆွဲ၍ စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ပြော

၂၀၂၄ ဇန်နဝါရီ ၁၆
    မြို့ပြနှင့် အိမ်ရာစီမံကိန်းများ တည်ဆောက်ရာတွင် Town Plan များ ရေးဆွဲ၍ စနစ်တကျဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
    ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်အသီးသီးမှ စက်မှုဇုန်ကော်မတီ ဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)လုပ်ငန်းရှင်များအား လှိုင်သာယာစက်မှုဇုန် ကနောင်ခန်းမတွင် ဇန်နဝါရီ ၁၃ ရက်က  တွေ့ဆုံ၍ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဆိုင် ရာများကို ဆွေးနွေးပြောကြားစဉ် နိုင်ငံတော်ဝန်ကြီးချုပ်က အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့သည်။
    မြို့ပြ သန့်ရှင်းသာယာလှပရေး အတွက်လည်း ဆောင်ရွက်ရန်လိုအပ်ပြီး စီမံကိန်းများ တည် ဆောက်ရာတွင် လယ်ယာ စိုက်ပျိုးမြေများ မထိခိုက်ရန်လိုကြောင်း၊ ဈေးများ တည်ဆောက်ရာတွင် အဆင့်မီသည့်ဈေးများ၊ Shopping Mall များ တည်ဆောက်ရန်လိုပြီး ယာဉ်ရပ်နားရန် နေရာများနှင့် စား သောက်ဆိုင်တန်းများပါ စနစ်တကျဖြင့် ထည့်သွင်းတည်ဆောက်ပေးရန် လိုကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ ထို့အပြင် အလွှာအမျိုးမျိုးမှ ပြည်သူများ ရောင်းဝယ်မှု အဆင်ပြေစေရေးအတွက် ဆောင်ရွက်ပေး ရန်လိုပြီး မြို့နေပြည်သူလူထု၏ လူနေမှု အဆင့်အတန်း မြင့်မားစေရေး ပတ်ဝန်းကျင် ကောင်းကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ် ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ထည့်သွင်းပြောကြား ခဲ့သည်။
    မိမိအနေဖြင့် လှိုင်သာယာမြို့နယ်ကို ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင် ရွက်ပေးနိုင်ရန် လာရောက်ခြင်းဖြစ်ပြီး လှိုင်သာယာမြို့နယ်ကို အဆင့်မြှင့်တင်နိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိ သည့်အတွက် ထိန်ပင်အမှိုက်ပုံမှ လျှပ်စစ်ဓာတ်အားထုတ် လုပ်ရေးစီမံကိန်းအား အမြန်ဆုံးပြီးစီးစေရေး တာဝန်ရှိသူများမှ ဆောင်ရွက်ရန်လိုကြောင်း၊ ရန်ကုန်မြို့အတွင်း လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရေးအတွက် ဆောင်ရွက်ပေး ရန်လိုပြီး သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ နေရောင်ခြည်စွမ်း အင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် လေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ် ခြင်းများ အပါအဝင် နည်းလမ်းပေါင်းစုံဖြင့် ထုတ်လုပ်နိုင်ရေး တိုင်းဒေသကြီး အစိုးရအနေဖြင့် ကြိုးပမ်း ဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က မှာကြားခဲ့သည်။
    လှိုင်သာယာအရှေ့ပိုင်းတွင် စာသင်ကျောင်းများ နည်းပါးသည်ကို တွေ့ရသည့်အတွက် ကျောင်းများ တည်ဆောက်ရာ တွင်လည်း ပညာရေးဝန်ကြီးဌာနမှသတ်မှတ် ထားသည့်အတိုင်း အားကစားကွင်းများနှင့် ခန်းမများပါ ထည့်သွင်းတည်ဆောက်ရန်၊ နိုင်ငံ့အနာဂတ် ကောင်းမွန်ရေး အတွက် ပညာရေးကောင်းမွန်ရန် လိုအပ်သဖြင့် ကျောင်းများ ကောင်းမွန်နေရန်လိုပြီး ရပ်ကွက်များအလိုက် အခြေခံပညာကျောင်းများ၊ အားကစားကွင်းများလည်း တည်ရှိရန်နှင့် မြို့ပြစီမံကိန်းနှင့် အိမ်ရာ စီမံကိန်းများ တည်ဆောက်ရာတွင် အားကစားကွင်းများ၊ ဈေးနှင့်ကျောင်းများ၊ ဆေးရုံများ ထည့်သွင်း တည်ဆောက်ရန် ထည့်သွင်းပြောကြားခဲ့သည်။
    ထို့အပြင် လှိုင်သာယာမြို့နယ်ကို အဆင့်မြှင့်တင်နိုင်ရန်အတွက် TownPlan များ စနစ်တကျဖြင့် ရေးဆွဲဆောင်ရွက်ရန် လိုအပ်ပြီး စက်မှုဇုန်နှင့်ပတ်သက်၍ စက်မှုဇုန်အတွင်း အလုပ်လုပ်ကိုင်သူများ အဆင်ပြေစေရေး ဆောင်ရွက်ပေးရန်၊ မြို့ပြတည် ဆောက်ရာတွင် ကျယ်ကျယ်ပြန့်ပြန့်ဖြင့် စဉ်း စားဆောင်ရွက်ရန်၊ လှိုင်သာယာမြို့နယ် ဖွံ့ဖြိုးတိုးတက်စေရေး ရေရှည်အတွက် စီမံကိန်း များချမှတ်၍ စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

Total Views ~ 165

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43960

© 2022 - 2025 News. All Rights Reserved.