မြောင်မြို့နယ်တွင် အကြမ်းဖက်အုပ်စု PDF အဖွဲ ထောင်ထားသည့် မိုင်း ၁ လုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိ

၂၀၂၃ ၊ မတ် ၁၀ 

ယမန်နေ့ (မတ် ၉)နံနက်၁၀နာရီ ၅၅မိနစ်အချိန်က စစ်ကိုင်းခရိုင် မြောင်မြို့နယ် မမစမှူး(မြောင်)မှ ပူးပေါင်း အဖွဲသည် မြိုပေါ်ရပ်ကွက်များအတွင်း မတယဖြင့် လှည့်ကင်းဆောင်ရွက်နေစဉ် ယင်းနေ့၁၁နာရီခွဲအချိန်တွင် တောင်ရပ်ကွက် မြောင်-ပရိမ္မ ကားလမ်း၏ ဝဲဘက်ရှိ အရုဏ်ဦးဆွမ်းလောင်းအသင်းဓမ္မာရုံလမ်းထောင့် အရောက်၌ အကြမ်းဖက်အုပ်စု PDF အဖွဲ ထောင်ထားသည့် မိုင်း(စိစစ်ဆဲ) ၁ လုံး ပေါက်ကွဲခဲ့ရာ လုံခြုံရေး ပူးပေါင်းအဖွဲ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဓမ္မာရုံ၏မြောက်ဘက်ကပ်လျက် နေအိမ်တွင် နေထိုင်သူ ဒေါ်သန်းသန်းနု(၄၅)နှစ် တွင် ဝဲရင်အုံ မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်၊ ဝဲလက်မောင်းမိုင်းထိမှန်ဒဏ်ရာ ၂ ချက်(မစိုးရိမ်ရ) ရရှိခဲ့သဖြင့်၎င်းအား မြောင်မြိုနယ်ပြည်သူ့ဆေးရုံသို ပိုဆောင်ကုသလျက်ရှိကြောင်း သိရသည်။

Total Views ~ 240

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43341

© 2022 - 2025 News. All Rights Reserved.