မွန်ညီညွတ်ရေးပါတီကို UEC က မှတ်ပုံတင်ခွင့်ပြု

နေပြည်တော်၊ စက်တင်ဘာ ၁၁
    မွန်ညီညွတ်ရေးပါတီ (Mon Unity Party)ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၉ ရက်မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် (UEC) မှ ထုတ်ပြန်ကြေညာခဲ့သည်။
    နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ရရှိသည့် မွန်ညီညွတ်ရေးပါတီ၏ ပါတီအမှတ် မှာ ၅၂ ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
    လာမည့် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေပြီဖြစ်သည့်အတွက် နိုင်ငံရေးပါတီများအနေဖြင့် ကြိုတင်ပြင်ဆင်ထားကြရန် ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့သည့် သြဂုတ်လအတွင်းက နိုင်ငံရေးပါတီများနှင့် တွေ့ဆုံချိန်တွင် ပြောကြားထားသည်။
    လာမည့် အောက်တိုဘာတွင် ရွေးကောက်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် သန်းခေါင်စာရင်း ကောက်ယူသွားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ကြေညာထားပြီးဖြစ်သည်။ ကွန်းဈာန်

Total Views ~ 270

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43790

© 2022 - 2025 News. All Rights Reserved.