Breaking

မွန်ပြည်နယ် ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဘုရားပွဲ ကျင်းပမယ်

၂၀၂၃ အောက်တိုဘာ ၂

မွန်ပြည်နယ် ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီးတွင် သီတင်းကျွတ် လပြည့်နေ့မှာ အဘိဓမ္မာအခါတော်နေ့အခမ်းအနား ကျင်းပမယ်လို့ ဂေါပကအဖွဲ့က ပြောပါတယ်။

နှစ်စဥ်ကျင်းပပြုလုပ်သော ဗုဒ္ဓပူဇနိယပွဲတော်ကိုလည်း အောက်တိုဘာ ၂၃ ရက်နေ့က ၂၇ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ကာ အသံမစဲ မဟာ ပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

သီတင်းကျွတ်လပြည့်နေ့ နံနက်ပိုင်းချိန်တွင်လည်းရေလယ်ဘုရားကုန်းတော်ပေါ်ရှိ သာသနာ့ ဗိမာန်တော်ကြီး၌ အဘိဓမ္မာအခါတော်နေ့အခမ်းအနားကို ကျင်းပပြုလုပ်သွား မှာဖြစ်ပြီး ဆွမ်းအိုးမျှောပွဲကို လပြည့်နေ့နံနက်၃နာရီချိန်မှစတင်ကာ ပြုလုပ်သွားမယ်လို့ လည်း ပြောပါတယ်။

သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့ကစပြီး သီတင်းကျွတ်လပြည့်ကျော်(၅)ရက်နေ့ အောက်တိုဘာ ၃၀ ရက်နေ့က နိုဝင်ဘာ ၃ ရက်နေ့အထိကို ဇာတ်သဘင်ပွဲ (ဗလာပွဲ)များ /ရုံပွဲများလည်းကပြသွားမှာဖြစ်ပြီးခြင်းလုံးပညာရှင်အမျိုးသမီးငယ်လေးများမှလည်းခြင်းလုံးအလှခတ်/ ရွဲလုံးအလှကစားပြကိုလည်း(အခမဲ့)ဖြင့်ကစားပြသွားမှာဖြစ်ပြီး~ အလွတ် တမ်း ဘောလုံးပြိုင်ပွဲများကိုလည်း(၀င်ကြေးမရှိ)အခမဲ့ဖြင့် ဘောလုံးအသင်း (၈)သင်းတို့မှယှဥ်ပြိုင်ကစားသွားကြမှာဖြစ်တယ်လို့ဆိုပါတယ်။

ကျိုက္ခမီရေလယ်ဘုရားဗုဒ္ဓပူဇနိယပွဲတော်တွင် စျေးဆိုင်ခန်းများဖြင့် ရောင်းချလိုပါက သီတင်းကျွတ်လဆန်း(၁)ရက်နေ့ အောက်တိုဘာ ၁၅ ရက်နေ့ စပြီး ဆိုင်ခန်းလျှောက် လွာများကို ဂေါပကအဖွဲ့ရုံးတွင်လာရောက်၀ယ်ယူနိုင်ပြီး သီတင်းကျွတ်လဆန်း(၇) ရက်နေ့ အောက်တိုဘာ ၂၁ ရက်နေ့တွင် တွင်စျေးဆိုင်ခန်းများကို အကွက်ရိုက် ရောင်းချပေးသွားမယ်လို့ ပွဲတော်ကျင်းပရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

Total Views ~ 358

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43822

© 2022 - 2025 News. All Rights Reserved.