Breaking

မှန်ကန်တိကျသော ကျန်းမာရေးမူဝါဒလမ်းညွှန်ချက်များ၊  ခေတ်မီကုထုံးများ ချမှတ်ဖော်ထုတ်နိုင်ရေး သုတေသနကောင်းများ ဖြစ်ရန်လိုအပ်ဟု နိုင်ငံတော်ဝန်ကြီးချုပ်ပြော 

၂၀၂၄ ၊ ဇန်နဝါရီ ၂၃
    ကျန်းမာရေး မူဝါဒလမ်းညွှန်ချက်များ၊ မှန်ကန်တိကျသော ခေတ်မီကုထုံးများကို ချမှတ် ဖော်ထုတ်နိုင်ရေး အရည်အသွေး မြင့်မားသည့် သုတေသနကောင်းများဖြစ်ရန် လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်က လမ်းညွှန်ပြောကြားလိုက်သည်။
    ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ဆေးသုတေသန ဦးစီးဌာနတွင် ဇန်နဝါရီ ၂၂ ရက်ကပြုလုပ်သော '(၅၂) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ' ဖွင့်ပွဲအခမ်းအနားသို့ Video Message ပေးပို့၍ ပြောကြားသော ဂုဏ်ပြုမိန့်ခွန်းတွင် အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။
    "ကျန်းမာရေးဆိုင်ရာ သုတေသနများက ထွက်ပေါ်လာတဲ့တိကျခိုင်မာတဲ့ ရလဒ်အခြေပြုသုတေသနတွေ့ရှိချက်များ ပေါ်မူတည်ပြီး ကျန်းမာရေး မူဝါဒလမ်းညွှန်ချက်များ၊ မှန်ကန်တိကျသော ခေတ်မီကုထုံးများကို ချမှတ်ဖော်ထုတ်နိုင်ခဲ့ပါတယ်၊ အဲဒီလို အခြေခံအချက် အလက်များ ဖော်ထုတ်ရန် ဆောင်ရွက်သောသုတေသနများဟာ အရည်အသွေးမြင့်မားတဲ့ သုတေသန ကောင်းများဖြစ်ဖို့ လို အပ်လှပါတယ်။ ဒီလို အရည်အသွေးမြင့်မားဖို့အတွက် မှန်ကန်တဲ့သုတေသနနည်းပညာများကို အသုံးပြုဖို့လိုသလို သုတေသနကျင့်ဝတ်နဲ့ ညီညွတ်စွာ ဆောင်ရွက်ထားတဲ့ သုတေသနများဖြစ်ဖို့ အထူးလို အပ်လှပါတယ်"ဟု နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
    ယင်းအချက်ကို မီးမောင်းထိုးပြရန် ယခုနှစ် (၅၂) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ၏  အဓိကသုတေသန ဦးတည်ချက်ခေါင်းစဉ်အဖြစ် “Enhancing Research Integrity and Research Ethics” 'ခိုင်မာပြီး သုတေသနကျင့်ဝတ်နှင့်ပြည့်စုံသော သုတေသန ကောင်းများကို တိုးမြှင့်ဆောင်ရွက်ကြပါစို့' ဟူ၍ သတ်မှတ်ထားကြောင်း၊ ယင်းနှင့်ပတ်သက်သည့်  ပညာရပ်ဆိုင်ရာနှီး နှောဖလှယ်ပွဲကို ကျန်းမာရေးဝန်ကြီး ဌာနအောက်တွင်  ဖွဲ့စည်းထားသော  သုတေသနကျင့်ဝတ်ကော် မတီများမှအတွေ့အကြုံရှိ ဝါရင့်သုတေသီ ပညာရှင်များမှ ဦးဆောင်ဆွေးနွေးသွားမည် ဖြစ်၍ သုတေသန ကျင့်ဝတ်ဆိုင်ရာနည်း ပညာများကို အတွေ့အကြုံဖလှယ်ရင်း ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ သုတေ သနကျင့်ဝတ်ကော်မတီများ ပိုမိုအားကောင်း ခိုင်မာစေရေး ရလဒ်ကောင်းများ ပေါ်ထွက်လာမည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်ဝန် ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။
    (၅၂) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကြီးကို ကျင်းပခြင်းဖြင့် ညီလာခံ၏ ရည်ရွယ်ချက်များ ဖြစ်သော ကျန်းမာရေးဆိုင်ရာသုတေသန ဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေးဆိုင်ရာ ပညာရပ်များ တိုးတက်လာပြီး ကျန်းမာရေး စောင့်ရှောက်မှု အဆင့်အတန်းမြင့်မားလာစေရန်နှင့် သုတေသနတွေ့ရှိချက်များကို လက်တွေ့အသုံးချမည့် သက်ဆိုင်ရာကျန်းမာရေးပညာရှင်များ သိရှိဆွေးနွေးနိုင်စေရန်ဆိုသည့် ရည်ရွယ်ချက်များ ပြည့်မီရုံမက ရရှိလာသော အထောက်အထားခိုင်မာသော သုတေသနရလဒ်များသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည် ချက်တစ်ခုဖြစ်တဲ့ 'တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံး ဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး'ကို ပံ့ပိုးမည့် ရလဒ်ကောင်းများ ရရှိမည်ဟု ယုံကြည်သည့်အတွက် နိုင်ငံတကာနှင့် ရင်ပေါင်တန်းပြီး သုတေသနကျင့်ဝတ်နှင့် ပြည့်ဝသော အရည်အသွေးမီ သုတေသနကောင်းများ အစဉ်တစိုက် ဆောင်ရွက်နိုင်ရေးအတွက် သုတေသီပညာရှင်များက မလျှော့သောဇွဲဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းကြစေလိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။

Total Views ~ 165

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43970

© 2022 - 2025 News. All Rights Reserved.