Breaking

ယခင်ချေးငွေ ပြေကျေစွာပေးဆပ်ပြီးသည့် တောင်သူများ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးနိုင်

ရန်ကုန်၊ ဇွန် ၁၈
    ၂၀၂၄ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများအား ယခင်ချေးငွေအရင်း၊ အတိုးများပါ ပြေကျေစွာ ပေးဆပ်ပြီးသည့် တောင်သူများသို့ မိုးရာသီစိုက်ပျိုးချိန်အမီ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးလျက်ရှိသည်။
    ထို့ကြောင့် ချေးငွေပြေကျေစွာ ပေးဆပ်ပြီးသည့ တောင်သူများသည် ၂၀၂၄ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ အချိန်မီရရှိနိုင်ရေး မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်၊ သက်ဆိုင်ရာ ခရိုင်/ မြို့နယ် ဘဏ်ခွဲများနှင့် အမြန်ဆုံး ဆက်သွယ်ချေး ယူနိုင်သည်ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်က အသိပေးကြေညာထားသည်။
    မိုးရာသီမစတင်မီ လွန်ခဲ့သည့် တစ်လခန့်မှစ၍ ယခင်နှစ်နည်းတူ တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲများမှ တစ်ဆင့် ထုတ်ချေးပေးခြင်း ဖြစ်သည်။
    မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်သည် မိုးစပါးစိုက်ပျိုးရာသီနည်းတူ  နွေစပါး စိုက်ပျိုးရာသီကာလအတွက် ချေးငွေထုတ် ချေးပေးခြင်းအား နှစ်စဉ်ထုတ်ချေးပေး လျက်ရှိပြီး ယခု ၂၀၂၄ ခုနှစ်အတွင်း နွေစပါးစိုက်ပျိုးရန် လယ်ယာမြေ ၁၀ ဧက အထက်ရှိသည့် တောင်သူများကို ချေးငွေ ထုတ်ချေးပေးခဲ့ကာ ချေးငွေရယူရန် ရွေးချယ်ခံရသည့် တောင်သူများအား လယ်ယာမြေ တစ်ဧကလျှင် ငွေကျပ် လေးသိန်းနှုန်းဖြင့် ထုတ်ချေးပေးခဲ့ပြီး ချေးငွေကာလအား ကာလတို နွေးစပါးသီးနှံ ပေါ်ချိန်အထိဖြစ်ပြီး  အတိုးနှုန်းအားဖြင့် တစ်နှစ်အတွက် ၁၀ ရာခိုင်နှုန်း သတ်မှတ်ထားသည်။
    စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးရာသီအလိုက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးလျက်ရှိရာ တောင်သူများသည် အချိန်စေ့ချေးငွေ ပြေကျေမှသာ(ယခင်ကြွေးကျန်ကင်းရှင်းမှသာ) ချေးငွေအသစ် ထုတ်ချေးခွင့်ရရှိမည်ဖြစ်ပြီး မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးသော အခြားနှစ်တို၊ နှစ်လတ်ချေးငွေများကိုလည်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးခွင့်ရ ရှိမည်ဖြစ်သည်။

Total Views ~ 193

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43867

© 2022 - 2025 News. All Rights Reserved.