Breaking

ယခုဘဏ္ဍာနှစ် ပွင့်လင်းရာသီမှစ၍ ရန်ကုန် ဆိပ်ကမ်း၌ ဆန်၊ ပဲ၊ ပြောင်း ကုန်တင်သင်္ဘောကြီးများ မပြတ်ဆိုက်ကပ်ကုန်သွယ်

၂၀၂၄၊ မတ် ၁၂
    ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စကာ မြန်မာ့လယ်ယာထွက်ကုန် ကောက်ပဲသီးနှံများအား ပြည်ပသို့ ရေကြောင်းမှ တိုးမြှင့်တင်ပို့ခဲ့ရာ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အစ ဧပြီလမှ ဇန်နဝါရီအထိ ၁၀ လတာကာလအတွင်း မြန်မာ့လယ်ယာထွက်ကုန် ကောက်ပဲ သီးနှံတင်ပို့မှုမှ တန်ဖိုး အမေရိကန်ဒေါ် လာ နှစ်ဘီလီယံနီး ပါးရရှိခဲ့သည်ဟု စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
    မြန်မာ့လယ်ယာထွက်ကုန်များအား ရေကြောင်းမှ စတင်တိုးမြှင့်တင်ပို့သည့် ပွင့်လင်းရာသီ အောက်တိုဘာလမှစကာ ရန်ကုန်ဆိပ်ကမ်းများတွင် ဆန်၊ ပဲ၊ ပြောင်း ကုန်တင်သင်္ဘောကြီးများ မပြတ် ဆိုက်ကပ်ကုန်သွယ်လျက်ရှိပြီး ယခု မတ်လအစတွင်လည်း ရန်ကုန်ဆိပ်ကမ်းများတွင် နေရာမ လပ်ဆိပ်ကမ်းပြည့် နေ့ညမပြတ် ဆိုက်ကပ်ကုန်သွယ်လျက်ရှိကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။
    ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အစ ဧပြီမှ ဖေဖော်ဝါရီလအထိ ၁၁ လအတွင်း ပြည်ပသို့ ရေကြောင်းမှ ဆန်တန်ချိန် စုစုပေါင်း ၁၄၆၅၇၉၃ တန်တင်ပို့ခဲ့ပြီး သင်္ဘောဝမ်းပုံစံ တင်ပို့ခြင်းထက် ကုန်သေတ္တာများ ပိုမိုအသုံး ပြုတင်ပို့ခဲ့ကာ ဥရောပ၊ အာဖရိက နိုင်ငံများအပြင် အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်နှင့် အခြား အာရှနိုင်ငံများသို့လည်း တင်ပို့ခဲ့သည်။
    အလားတူ ပဲအမျိုးမျိုးအား ၁၁ လအတွင်း ရေကြောင်းမှ တန်ချိန်စုစုပေါင်း ၁၂၉၂၇၆၆ တန်တင်ပို့ခဲ့ပြီး အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့ကာ အခြားအာရှနိုင်ငံများသို့ တင်ပို့လျက်ရှိသည်။
    ပြောင်းရာသီဖြစ်သည့် ဖေဖော်ဝါ ရီ တစ်လအတွင်း ပြည်ပသို့ ပြောင်းတန်ချိန် ၃၆၅၄၇၂ တန်တင်ပို့ခဲ့ကာ ဘဏ္ဍာနှစ် တစ် ခုလုံးအားဖြင့် ဧပြီမှ ဖေဖော်ဝါရီအထိ ၁၁ လအတွင်း ပြောင်းစုစုပေါင်း တန်ချိန် ၈၉၁၀၃၈ တန် ရေးကြောင်းဖြင့်တင်ပို့ခဲ့ပြီး ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံများသို့ တင်ပို့မှုအ များဆုံးဖြစ်၍ အိမ်နီးချင်း ထိုင်းနိုင်ငံ ရနောင်းနှင့် ကန်တန်ဆိပ်ကမ်းများသို့ တန်ချိန် ၂၇၀၀ မှ ၃၀၀၀ ခန့်တင်ဆောင်နိုင်သော ပြည်တွင်းလုပ်ငန်းရှင်ပိုင် သင်္ဘောငယ်များ ဖြင့်လည်း ပို့ဆောင်ကုန်သွယ်ရှိ သည်။
    ထို့ကြောင့် ပွင့်လင်းရာသီအတွင်း ပြည်ပသို့ဆန်နှင့် ကောက်ပဲသီးနှံများ တင်ပို့ရာတွင် ကုန်တင်သင်္ဘောကြီးများ နှောင့်နှေးကြန့်ကြာမှုမရှိ ဝင်/ထွက်နိုင်ရေး၊ သတ်မှတ်ချိန်အတွင်း သင်္ဘော တင်ပြီးစီးနိုင်ရေး၊ အလေအလွင့်အနည်းဆုံးဖြင့် အရည်အသွေးနှင့် အရေအတွက်ပြည့်မီစွာ တင်ပို့နိုင် ရေး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ လိုအပ်သည့် စီမံခန့်ခွဲမှုများ ဆောင်ရွက်ပေးလျက် ရှိသည်ဟု ဆိုသည်။
    ထို့အပြင် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၊ ဆန်၊ ပဲ၊ ပြောင်းပို့ကုန်လုပ်ငန်း ရှင်များဖြင့် တွေ့ဆုံ၍လည်း လိုအပ်ချက်များ ကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကာ ရေကြောင်းပို့ဆောင်ရေးတွင် ကုန်သေတ္တာလို အပ်ချက်မရှိစေရန် အကောက်ခွန်ဦးစီးဌာန၊ UMFCCI နှင့် MIFFA တာဝန်ရှိသူများ၊ ပို့ ကုန်လုပ်ငန်ရှင်များနှင့် စဉ်ဆက်မပြတ်တွေ့ ဆုံညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Total Views ~ 228

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43960

© 2022 - 2025 News. All Rights Reserved.