ယခုလအတွင်း ကိုရီးယားနိုင်ငံသို့ PDF လုပ်သား ၇၀၀ ကျော် ထပ်မံစေလွှတ်

၂၀၂၃ စက်တင်ဘာ ၁၉
    အစိုးရ ပြည်ပအလုပ်အကိုင်အေ ဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ လုပ်သားစေလွှတ်လျက်ရှိရာ စက်တင်ဘာလ ၁၉ရက်က မြန်မာလုပ်သား ၁၄၈ ဦး ထပ်မံစေလွှတ်ခဲ့ပြီး ယခုလအတွင်း မြန်မာလုပ်သား ၇၀၀ ကျော် စေလွှတ်ထားကြောင်း မြန်မာသံရုံးမှသိရသည်။
    စက်တင်ဘာလ ၁၉ ရက်တွင် ကုန် ထုတ်လုပ်သားသစ် ၇၂ ဦးနှင့် စိုက် ပျိုးရေးလုပ်သားသစ် ၇၆ ဦး စုစုပေါင်း ၁၄၈ ဦးကို စေလွှတ်ခဲ့ပြီး လုပ်သားများ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆိုခဲ့ကြောင်း သိရသည်။ စက်တင်ဘာလအတွင်း ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ တစ်ဆင့် EPS စနစ်ဖြင့် စေ လွှတ်သော ကုန်ထုတ်လုပ်သားသစ် ၁၅၁ ဦးကို စက်တင်ဘာ ၁၃ ရက်တွင်လည်း ကောင်း၊ ကုန်ထုတ်လုပ်သားသစ် ၁၄၇ ဦး ကို စက်တင်ဘာလ ၁၂ ရက်တွင်လည်း ကောင်း၊ ကုန်ထုတ်လုပ်သားသစ် ၁၀၅ ဦး နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သားသစ် ၄၀ ကို စက်တင်ဘာ ၆ ရက်တွင်လည်းကောင်း၊ ကုန်ထုတ်လုပ်သားသစ် ၁၄၂ ဦးကို စက်တင်ဘာ ၅ ရက်တွင် လည်းကောင်း စေလွှတ်ခဲ့ကြောင်း သံရုံးမှ သိရသည်။
    ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ကိုရီးယားသမ္မတနိုင်ငံသို့ မြန်မာနိုင်ငံမှ ကုန်ထုတ်လုပ်သား သစ် တစ်ထောင်ကျော်စေ လွှတ်ခဲ့ကာ အလုပ်သမားစေလွှတ်မှု စာရင်းများအရ သြဂုတ် ၁ ရက်တွင် ကုန်ထုတ် လုပ်သားသစ်  ၁၅၁ ဦး၊ သြဂုတ် ၂ ရက်တွင် ကုန်ထုတ်လုပ်သားသစ် ၁၄၆ ဦး၊ သြဂုတ် ၈ ရက်တွင် ၁၄၇ဦး၊ သြဂုတ် ၂၂ ရက်တွင် ၁၄၂ ဦး၊ သြဂုတ် ၂၃ ရက်တွင် ၁၄၂ ဦး၊ သြဂုတ် ၂၉ ရက်တွင် ၁၄၇ ဦးနှင့် သြဂုတ် ၃၀ ရက်တွင် ၁၃၉ ဦး စုစုပေါင်း ၁၀၁၄ ဦး ကိုစေလွှတ်ခဲ့ကြောင်း သတင်း ထုတ်ပြန်မှုအချက်အလက်များကို သိရသည်။
    ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်တွင် လုပ်သားဦးရေ ၁၁၀၀၀၀ ခေါ်ယူသွား မည်ဖြစ်ပြီး ကိုရီးယားသမ္မတနိုင်ငံ အလုပ်အကိုင်နှင့် အလုပ်သမားဝန် ကြီးဌာနအနေဖြင့် EPS အလုပ်သမားများ စေလွှတ်သည့်နိုင်ငံများမှ အလုပ်သမားများ၏ တရားမဝင် နေထိုင်မှုများအား လေ့လာ စောင့်ကြည့်လျက်ရှိရာ ယင်းကဲ့သို့ တရားမဝင်နေထိုင်မှုများသည် EPS လုပ်သားများ စေလွှတ်သည့် နိုင်ငံများ၏ လုပ်သားစေလွှတ် သည့်ဦးရေ ခွဲတမ်းရရှိမှုကို ထိခိုက်မှုရှိစေမည်ဖြစ် ကြောင်း ကိုရီးယားသမ္မတနိုင်ငံ အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

Total Views ~ 173

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43808

© 2022 - 2025 News. All Rights Reserved.