Breaking

ယာယီ စစ်ဘေးရှောင်အိမ်ထောင်စု ၃၀၀ နီးပါး ကော့ကရိတ်မြို့သို့ ပြန်လည်ဝင်ရောက်လာ

၂၀၂၄၊ ဧပြီ ၃၀
    ကော့ကရိတ်မြို့ ပတ်ဝန်းကျင်ရှိ အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်နေသည့် KKO (ခွဲထွက်) ကျော်သက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့အား တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက် ချေမှုန်းပြီးနောက် ယာယီစစ်ဘေးရှောင်အိမ်ထောင်စု ၃၀၀ နီးပါး ကော့ကရိတ်မြို့သို့ ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။
    KKO (ခွဲထွက်)ကျော်သက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့သည် ကော့ကရိတ်မြို့နှင့် နယ်မြေခံ တပ်ဌာနချုပ်များအား နှောင့်ယှက် တိုက်ခိုက်ရန် ဧပြီလဆန်းပိုင်းမှစ၍ သာလွန် အင်အားများဖြင့် ကော့ကရိတ်-သင်္ကန်းညီနောင် လမ်းဟောင်းအတိုင်း ကော့ကရိတ်မြို့ မြောက်ဘက်ရှိ ကောင်းမှုကျေးရွာ၊ ရန်ကုတ်ကျေးရွာနှင့် ကြောင်ရှာကုန်း ကျေးရွာတို့မှ တစ်ဆင့်ကော့ ကရိတ်မြို့တွင်း ဝင်ရောက်နိုင် ရေးဆောင်ရွက်ခဲ့ရာ နယ်မြေခံလုံခြုံရေးတပ် ဖွဲ့ဝင်များနှင့် စုစုပေါင်း ထိတွေ့တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
    အကြမ်းဖက် သောင်းကျန်းသူများသည် အင်အားများ ထပ်မံဖြည့်တင်းကာ ကော့ကရိတ်မြို့ မြောက်ခြမ်းအား ဆက်လက်တိုက်ခိုက်ခြင်း၊ ကော့ကရိတ်မြို့အရှေ့ဘက်ရှိ ပတ်ဝန်းကျင် ကျေးရွာများမှတစ်ဆင့် မြို့အား အဝေးမှ လက်နက်ကြီးများဖြင့် နှောင့်ယှက်တိုက်ခိုက်ခြင်းနှင့် မြို့စွန်ရှိ ရပ် ကွက်များအတွင်းသို့ စိမ့်ဝင်၍ ဒေသခံပြည် သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းများအား လုယက်ယူဆောင်ခြင်း စသည့် အကြမ်းဖက် အဖျက်အမှောင့်လုပ် ရပ်များ လုပ်ဆောင်ခဲ့သည်။
    တပ်မတော်မှ အင်အားထပ်မံ ဖြည့်တင်းကာ ဧပြီလ ၁၉ ရက်မှစ၍ ကော့ကရိတ်မြို့ ဝန်းကျင်ရှိ အကြမ်းဖက်သောင်း ကျန်းသူများအား အကြမ်းဖက် ချေမှုန်းစစ် ဆင်ရေး (Counter–Terrorism Operation) ကို  လက်နက်ကြီးပစ်ကူများရယူပြီး စနစ်တကျ အဆင့်ဆင့် ခြေကုပ်ယူ၍ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများနှင့် စုစုပေါင်း ထိတွေ့တိုက်ပွဲ ကိုးကြိမ်ဖြစ်ပွားခဲ့ ၍ ဧပြီလ ၂၂ ရက်တွင် တပ်မတော်မှ အဆိုပါဒေ သအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်းဖက် သောင်းကျန်းသူများသည် ကော့ကရိတ်မြို့၏ မြောက်ဘက်ရှိ ကောင်းမှုကျေး ရွာဘက်သို့လာရာ လမ်းကြောင်းအတိုင်း ဖရိုဖရဲပြန်လည် ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။ အဆိုပါတိုက်ပွဲများတွင် အကြမ်းဖက် သောင်းကျန်းသူများထံမှ အလောင်း အချို့၊ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
    တိုက်ပွဲကြောင့် ယာယီနေရပ်စွန့် ခွာခဲ့ကြသည့် ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက် နေထိုင်ရေး စည်းရုံးဆောင်ရွက်ခဲ့ရာ ဧပြီလ ၂၇ ရက်အထိ ကော့ကရိတ် မြို့တွင်းသို့ အိမ်ထောင်စု ၂၈၈ စု၊ အမျိုး သား ၃၆၂ ဦး၊ အမျိုးသမီး ၂၃၅ ဦး၊ စုစု ပေါင်း ၅၉၇ ဦး ပြန်လည်ဝင်ရောက် နေထိုင် လာကြကြောင်းသိရှိရပြီး ဆက်လက်၍လည်း ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက် နေထိုင်လျက်ရှိကြောင်း သိရသည်။
    တပ်မတော် စစ်ကြောင်းများ အနေဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့သည့် အကြမ်းဖက် သောင်းကျန်းသူများအား ထပ်ကြပ်လိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိပြီး ကော့ကရိတ်မြို့အတွင်း ပျက်စီးခဲ့သည့် အပျက်အစီးများအား ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်ဒေသခံပြည် သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Total Views ~ 316

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43928

© 2022 - 2025 News. All Rights Reserved.