Breaking

ရခိုင်ပြည်နယ်အတွင်း တစ်ကျော့ပြန် စစ်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူများကို ALP  ပါတီမှ NCA သဘောတူညီချက်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကူညီမည် 

၂၀၂၃၊ နိုဝင်ဘာ ၂၀
    ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားလာ သော တစ်ကျော့ပြန် စစ်ပွဲများကြောင့် နေရပ်စွန့်ခွာထွက် ပြေးနေရသည့် ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင် ရာကိစ္စများကို NCA သဘော တူညီချက်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လူမျိုးဘာသာမရွေးတတ်နိုင်သမျှ ကူညီပေးသွားမည်ဖြစ် ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ထုတ်ပြန်ခဲ့သည်။
    "စစ်ဆိုတာကတော့ မဖြစ်တာအကောင်းဆုံးပေါ့ဗျာ။ ဖြစ်လာတော့လည်း ဘယ်တတ်နိုင်မလဲ။ ကျွန်တော်တို့ကတော့ ကိုယ့်ပြည်သူတွေ ထိခိုက်နစ်နာတာတွေကို ကျွန်တော်တို့ နိုင်တဲ့အားနဲ့ ကူညီဆောင်ရွက် ပေးသွားမှာပါ။ လူသားချင်းစာနာမှုဆိုင်ရာ တွေက အစကတည်းက NCA သဘောတူ ညီချက်ထဲမှာ ပါပြီးသား။ ကျွန်တော်တို့က ဒီအချက်အလက်တွေနဲ့အညီ ကျွန်တော်တို့က ကူညီ ဆောင်ရွက်မှု လုပ်ပေးသွားမယ်"ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)အတွင်း ရေးမှူးအဖွဲ့ဝင် ဗိုလ်မှူးခိုင်သူရိန် ကပြောသည်။
    ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှစတင်၍ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွား လာသော တစ်ကျော့ပြန် စစ်ပွဲများကြောင့် အရပ်သားပြည်သူများ၏ ထိခိုက်နစ်နာမှုများ၊ ပူပန်သောကများကို မြင်တွေ့ရသည့်အတွက် ပြည်သူများနှင့် ထပ်တူစိတ်မကောင်း များစွာဖြစ်ရကြောင်း ALP မှ ထုတ် ပြန်ခဲ့ပြီး ရခိုင်ပြည်သူများနှင့်အတူ တစ်သားတည်း ရပ်တည်လျက်ရှိနေပြီး စစ်ပွဲကာလအတွင်း နေရပ်စွန့်ခွာလာကြသူများ၏ နေထိုင်ရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးစသည့် လူသား ချင်းစာနာ ထောက်ထားမှုဆိုင်ရာကိစ္စများကို NCA သဘောတူညီချက်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လူမျိုးဘာသာ မရွေး တတ်နိုင်သမျှ ကူညီပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
    "အဓိကကတော့ စစ်ဘေးရှောင် ပြည်သူတွေဘက်က တောင်းခံလာတဲ့ အကူအညီတွေအပေါ် မှာ မူတည်ပြီး ကျွန်တော်တို့က အခုလုပ်ပေးနေရတာတွေ ရှိပါတယ်။ လောလောဆယ်ကတော့ ပြေး ရင်းလွှားရင်းနဲ့ မိသားစုတွေကွဲနေတာတွေ၊ တစ်ယောက် နဲ့တစ်ယောက် ကွဲနေတာတွေ၊ ရှာမတွေ့ဖြစ် နေတာတွေကို လောလောဆယ် ကူညီ ဆောင်ရွက်ပေးနေတယ်။ နောက်ပိုင်းလည်း တောက်လျှောက် ဆက်လက်ပြီးတော့ ကူညီဆောင်ရွက်ပေးမယ့် အစီအစဉ်တွေရှိပါတယ်။ ဒီစစ်ဘေးရှောင်တွေက မင်းပြားက အများဆုံး၊ လောလောဆယ်ကတော့ ရွာဘက်တွေမှာ တိမ်းရှောင်နေကြတာပေါ့။ စစ်ဘေး ရှောင်တွေမှာတော့ စားနပ်ရိက္ခာ အခက်အခဲတွေရှိနေတယ်။ ပြီးတော့ ဆောင်းလည်းဝင်တော့မယ်ဆို တော့ သူတို့မှာ အနွေးထည်‌တွေ၊ အဝတ်အထည်တွေလည်း လိုအပ်တော့မယ်ပေါ့။ အဲဒါတွေတော့ အကူအညီပေးဖို့ ပြင်ဆင်နေပါတယ်"ဟု ALP အတွင်းရေးမှူးအဖွဲ့ဝင် ဗိုလ်မှူးခိုင်သူ ရိန်ကဆက်ပြော သည်။
    လက်ရှိတွင် နေရပ်စွန့်ခွာထွက် ပြေးနေရသည့် ပြည်သူများမှ ဖုန်းဖြင့်ဆက်သွယ်အကူအညီတောင်းခံလာမှုမှာ ဆက်တိုက်ဖြစ်နေပြီး အရေအတွက်လည်းများ ပြားကြောင်း၊ သို့သော်လည်း အရေအတွက် အတိအကျ မပြောဆိုနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။

Total Views ~ 165

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43918

© 2022 - 2025 News. All Rights Reserved.