Breaking

ရခိုင်ပြည်နယ်အနှံ့ ပြေးဆွဲပေးနေသည့်  ရွှေပြည်တန် အမြန်ရေယာဉ် ပြေးဆွဲမှု ယာယီရပ်နား

၂၀၂၃  နိုဝင်ဘာ ၁၃ ရက်
    ရခိုင်ပြည်နယ်အနှံ့ ခရီးစဉ်များ ပြေးဆွဲပေးနေသည့် ရွှေပြည်တန်အမြန် ရေယာဉ်မှာ ပြေးဆွဲမှုယာ ယီရပ်နားထားကြောင်း အဆိုပါ အမြန်ရေယာဉ်လိုင်းမှ နိုဝင်ဘာ ၁၃ ရက်တွင် အသိပေးကြေညာခဲ့သည်။ 
စစ်တွေ-ကျောက်ဖြူ-ရမ်းဗြဲ-ကျောက်နီမော်-တောင်ကုတ်၊စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်၊ စစ်တွေ-ပေါက်တော-မင်းပြား၊ စစ်တွေ-မြောက်ဦး ခရီးစဉ်များကို ယာယီရပ်နားထားမည်ဖြစ်ပါကြောင်း အဆိုပါက ရေယာဉ်လိုင်းမှ အသိပေးထုတ်ပြန်ခဲ့သည်။
    ပြန်လည်ပြေးဆွဲမည့်ရက်အား Page မှ ကြိုတင်အသိပေး ကြေညာပေးမည် ဖြစ်ကြောင်း၊ ဝယ်ယူထားသော လက်မှတ် များအား ငွေပြန်လည်ထုတ်ယူနိုင်သလို ဝယ်ယူထားသော လက်မှတ်ဖြင့် ခရီးစဉ်ပြန် လည်ပြေးဆွဲမည့်ရက်တွင် လိုက်ပါမည်ဆိုပါက ၀၉-၄၄၉၇၇၇၇၀၉ ၊ ၀၉-၇၅၀၇၉၈၃၇၉ သို့ ဆက်သွယ်၍ ဖုန်းနံပါတ်များ ပေးကြရန်လည်း ရွှေပြည်တန် အမြန်ရေယာဉ်လိုင်းမှ အသိပေးထုတ်ပြန်ခဲ့ သည်။
ရွှေပြည်တန် အမြန်ရေယာဉ်လိုင်းသည် စစ်တွေ-မြေပုံ-တောင်ရှည်-ကျောက်ဖြူ-ရမ်းဗြဲ-တောင်ကုတ်ခရီးစဉ်၊ တောင်ကုတ်-ရမ်းဗြဲ-ကျောက်ဖြူ-တောင်ရှည်-မြေပုံ-စစ်တွေ ခရီးစဉ်၊ စစ်တွေ-ပေါက်တော-မင်းပြား၊ စစ်တွေ-မြောက်ဦး၊ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်၊ စစ်တွေ-ကျောက်ဖြူ၊ ကျောက်ဖြူ-စစ်တွေ ခရီးစဉ်များကို စစ်တွေမြို့အား အခြေပြုပြေးဆွဲနေခြင်း ဖြစ်သည်။                              

Total Views ~ 170

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43874

© 2022 - 2025 News. All Rights Reserved.