Breaking

ရထားဖြင့် ကုန်စည်သယ်ယူပို့ဆောင်မှုလုပ်ငန်းနှင့် ဘူတာ ၁၀ နေရာတွင် ဆက်စပ်သည့် Warehouse and Distribution စင်တာများ တည်ဆောက် လည်ပတ် လုပ်ကိုင်မည်

၂၀၂၄ ဇန်နဝါရီ ၁
    ရထားလမ်းပိုင်းများတွင် ရထားဖြင့် ကုန်စည်သယ်ယူပို့ဆောင်မှုလုပ်ငန်းနှင့် ဘူတာ ၁၀ နေရာတွင် ဆက်စပ်သည့် Wa-rehouse and Distribution Center အငယ်စားများ တည်ဆောက်/ လည်ပတ်လုပ်ကိုင် မည်ဖြစ်ကြောင်း  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ သိရ သည်။
    မြန်မာ့မီးရထား၏ သီလဝါ-တိုး ကြောင်ကလေး-ရန်ကုန်မြို့ပတ်၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်၊ သာစည်-မြင်းခြံ ရထားလမ်းပိုင်းများတွင် ရထားဖြင့် ကုန်စည်သယ်ယူပို့ဆောင်မှု လုပ်ငန်းနှင့် ဘူတာ ၁၀ နေရာတွင်  ဆက်စပ်သည့် Wa-rehouse and Distribution Center အငယ်စားများ တည်ဆောက်ခြင်းကို Package စနစ်(၅)နှစ်မူဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
    ယင်းသို့ Package စနစ်(၅) နှစ်မူဖြင့် လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် စိတ်ပါဝင်စားသော နိုင်ငံသား ပုဂ္ဂလိကလုပ်ငန်းရှင်/ကုမ္ပဏီအဖွဲ့အစည်းများအား တင်ဒါအဆိုပြုလွှာ (Te-nder Proposal) များ တင်သွင်းရန် မြန်မာ့မီးရထား၊ တင်ဒါခေါ်ယူရေးနှင့်စိစစ်ရေးကော်မတီမှ ဖိတ်ခေါ် ထားသည်။
    ယင်းအတွက် ဒုတိယအထွေထွေ မန်နေဂျာ၊ ထောက်ပံ့ဌာန၊ မြန်မာ့မီးရထား၊ ကုန်သည်လမ်းနှင့်(၅၁)လမ်းထိပ် ဗိုလ်တ ထောင်မြို့နယ်၊ ရန်ကုန်မြို့တွင် တင်ဒါစည်း ကမ်းချက်နှင့် တင်ဒါ အဆိုပြုလွှာပုံစံ (Inst-ructions to Tenderer & Request for Proposal) များကို တစ်စုံလျှင် ငွေကျပ်ငါးသိန်း နှုန်းဖြင့် ဇန်နဝါရီ ၁ ရက်မှ ၁၅ ရက်   အထိ ဝယ်ယူနိုင်ပြီး တင်ဒါအဆိုပြုလွှာများကို ဧပြီလ ၁ ရက် နောက်ဆုံးထား တင်သွင်းရန် တင်ဒါခေါ်ယူရေးနှင့် စိစစ်ရေးကော်မတီက အသိပေးထားသည်။

Total Views ~ 169

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43937

© 2022 - 2025 News. All Rights Reserved.