Breaking

ရန်ကုန် စတော့အိတ်ချိန်းတွင် APC ကုမ္ပဏီမှ မှတ်ပုံတင်ဝင်ရောက်နိုင်ရေး လက်တွဲဆောင်ရွက်လျက်ရှိ

ရန်ကုန်၊ မေ ၂၈
    ရန်ကုန် စတော့အိတ်ချိန်းတွင် APC ကုမ္ပဏီမှ PLB တွင် မှတ်ပုံတင်ဝင် ရောက်နိုင်ရေး လက်တွဲဆောင်ရွက်လျက်ရှိကြောင်း မေ ၂၅ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ ရန်ကုန် စတော့အိတ်ချိန်းရုံးတွင် ကျင်းပသည့် မှတ်ပုံတင်အကြံပေး ခန့်အပ်ခြင်းနှင့် ရန်ကုန်စတော့အိတ်ချိန်း၏ PLB ပေါ်တက်လှမ်းချင်သည့် ကုမ္ပဏီများပြင်ဆင်ရမည့် အကြောင်းအရာများ၊ PLB Readiness  သိကောင်းစရာများ စကားဝိုင်းဆွေး နွေးပွဲမှ သိရသည်။ 
    အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသည် ပြည်တွင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အတိုင်းအတာတစ်ခုထိ လျော့ကျချိန် လုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းအရင်း အနှီးဈေးကွက်အား ပိုမိုအားထား ကာ ပြင်ဆင်နိုင်ရေးအတွက်လည်း ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ 
    "စာရင်းဝင်အကြို ဈေးကွက်အတွက် APC ကုမ္ပဏီက ကြိုတင်ပြင်ဆင် တဲ့အနေနဲ့ ကျွန်တော်တို့ ကို မှတ်ပုံတင်အရာရှိအဖြစ် ခန့်အပ်တာ ဖြစ်ပါတယ်။ ဒီလိုလုပ် ဆောင်ခြင်းအားဖြင့် ရေရှည်အစီအစဉ်တွေပါ ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ အခုလက်ရှိမှာဆိုရင် ရန်ကုန်စတော့အိတ်ချိန်းက ရှစ်နှစ်သားအရွယ်ရှိပါပြီ။ ဒါပေမဲ့လည်း လူစိတ်ဝင်စားမှု နည်းနေတယ်။ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်း တွေကလည်း များပြားတဲ့အတွက် မပြည့်မီတာ မလိုက်နာနိုင်တာ တွေရှိတယ်။ စာရင်းဝင် အကြိုဈေး ကွက်ဖွင့် ပေးလိုက်တာကတော့ ၂၀၂၂-၂၃ ပါစပြီး ပြင်ဆင်တယ်။၂၀၂၄ မှာတော့ Regristation သုံးခုကို ခန့်အပ်ဆောင်ရွက်ပေးနေပါတယ်။ ဈေးကွက်ထဲမှာ ဘာတွေတွေ့နေရလဲဆိုရင် ထိုင်းမှာသွားပြီး ရင်းနှီးမြှုပ်နှံမူတွေ ပြုလုပ်နေကြတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေက မဆင်းရဲပါဘူး။ ကျွန်တော်တို့ နိုင်ငံမှာ ခိုင်မာတဲ့ လုပ်ငန်းတွေမှာ လာပြီးတော့ ရင်း နှီးမြှုပ်နှံရင် အများပြည်သူအတွက်၊ ကျွန်တော်တို့ နိုင်ငံအတွက် အကျိုးရှိနိုင်မှာ ဖြစ်ပါတယ်"ဟု Myanmar Enterpise Solu-tions ၏ CEO ဦးမျိုးဟိန်းက ပြောကြား ခဲ့သည်။
    အဆိုပါ ရန်ကုန်စတော့အိတ်ချိန်း ၏ PLB ပေါ်တက်လှမ်းချင်သည့် ကုမ္ပဏီများ ပြင်ဆင်ရမည့် အကြောင်းအရာများ၊ PLB Readiness သိကောင်းစရာများ စကားဝိုင်းဆွေးနွေးပွဲတွင် ကမ္ဘောဇဘဏ် အကြီးတန်းအတိုင်ပင်ခံပုဂ္ဂိုလ် ဦးသန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး Myanmar Enterpise Solutions 
၏ CEO ဦးမျိုးဟိန်း၊ ဦးသက်ထွန်းဦး (Executive Senior Manager, YSX)၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA)၏ ဒါရိုက်တာ ဦးမျိုးမင်း SECM ၏ Advisor ဒေါ်တင်မေဦးတို့က ဟောပြောဆွေး နွေးခဲ့သည်။

Total Views ~ 326

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43907

© 2022 - 2025 News. All Rights Reserved.