၂၀၂၄ ၊ မတ်လ၂၀
ယခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ရေကစားမဏ္ဍပ် ဆောက်လုပ်ခွင့် လျှောက်ထားမှုများကို ရေရရှိမှုနှင့် ယာဉ်ကြောကျပ်တည်းမှ စနစ်တကျ ခွင့်ပြုပေးသွား၍ စနစ်တကျ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အသိပေးကြေညာချက်အရ သိရသည်။
၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ရိုးရာယဉ် ကျေးမှုများနှင့်အညီ ကျင်းပနိုင်ရေးအတွက် ကော်မတီများ ဖွဲ့စည်း၍ စနစ်တကျ စီစဉ်ဆောင် ရွက်လျက်ရှိပြီး ရေကစားမဏ္ဍပ် လျှောက်ထားလိုသူများသည် သတ်မှတ်စည်းကမ်းချက်များနှင့် အညီ မိ သားစုမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များကို ရေရရှိနိုင်ရေး အခြေအနေပေါ်မူတည်၍ လည်းကောင်း၊ ယာဉ်ကြောကျပ်တည်းမှု အခြေအနေပေါ်မူတည်၍ လည်းကောင်း၊ မဏ္ဍပ်အကြီးနှင့် အလတ်များကို စနစ်တကျ ခွင့်ပြုနေရာချထားပေးမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ခဲ့သည်။
ရေကစားမဏ္ဍပ် အမျိုးအစားအလိုက်ခွဲခြား၍ သတ်မှတ်လျှောက်လွှာပုံစံများဖြင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ စိစစ်ထောက်ခံချက်များနှင့်အတူ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)သို့ လျှောက်ထား ၍ မဏ္ဍပ်နေရာချထားရေးနှင့် ကြံ့ခိုင်မှုစစ်ဆေး လုပ်ငန်းကော်မတီ၏ စိစစ်ချက်ဖြင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး၏ အတည်ပြု ခွင့်ပြုချက်ရရှိမှသာ စတင်ဆောက် လုပ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စိစစ်ခွင့်ပြုနိုင်ရေးအတွက် မတ် ၁၅ ရက်မှ မတ် ၃၁ရက်အထိ လျှောက်ထားဆောင်ရွက်ရမည်ဖြစ်ကြောင်း သတ်မှတ်စည်းကမ်းချက်များနှင့် လျှောက်လွှာများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင် နီယာဌာန (လမ်းနှင့်တံ တား)တွင် ရယူနိုင်ပြီး သတ်မှတ်ရက်ထက် နောက်ကျ လျှောက်ထားသော လျှောက်လွှာများကို လက်ခံစဉ်းစားပေးမည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အသိပေး ကြေညာထားသည်။