၂၀၂၃ ၊ ဒီဇင်ဘာ ၂၇
ရန်ကုန်တိုင်း ဒေသကြီးအတွင်း သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ပို့လွှတ်နေသော ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်း သိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်ရှိသည့်အတွက် မြို့နယ်နေရာအချို့တွင် ဒီဇင်ဘာ ၂၆ ရက်မှ ဇန်နဝါရီ ၂ ရက်အတွင်း ယာယီဓာတ်အား ပြတ်တောက်မည်ဖြစ် ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ထုတ်ပြန်ချက်အရ သိရသည်။
သဘာဝဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံများသို့ ဓာတ်ငွေ့ပို့လွှတ်နေသော ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းကို ဒီဇင်ဘာ ၂၆ ရက်မှ ဇန်နဝါရီ ၂ ရက်အထိ ဆောင်ရွက်မည်ဖြစ်ရာ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း သဘာ၀ ဓာတ်ငွေ့ဖြင့် မောင်းနှင်နေသော ဓာတ်အားပေးစက်မှ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု ၁၀၀ မဂ္ဂါဝပ်ခန့် လျော့နည်းနေမည်ဖြစ်ကြောင်း YESC၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် ကမ်းလွန်ရွှေဂက်စ်မှ မြင်းခြံမြို့သို့ ပေးပို့နေသော တောင်သာသဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုဖြစ်ပေါ် နေသောကြောင့် ဒီဇင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီခွဲမှ မွန်းလွဲ ၂ နာရီခွဲအထိ အရေးပေါ် ရပ်တန့်ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း YESC မှ ထုတ်ပြန် ထားပြီး ဂက်စ်ပေးပို့မှုရပ်တန့်ရ မည်ဖြစ်ပါသောကြောင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အား ထုတ်လုပ်ပို့လွှတ်နိုင်မှု ၃၁၅ မဂ္ဂါ ဝပ်ခန့် လျော့နည်းနေမည်ဖြစ်ကြောင်း သိရ သည်။
ဓာတ်ငွေ့ပိုက်လိုင်းများ ပြုပြင်နေစဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အားထုတ် လုပ်မှုများ လျော့နည်းနေမည်ဖြစ်ပါသဖြင့် အရေးပေါ် ဝန်အားလျှော့ ထိန်းညှိခြင်းများ ဆောင်ရွက်ရမည် ဖြစ်ပါသောကြောင့်ရန် ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်နေရာ အချို့တို့တွင် ယာယီဓာတ်အားပြတ်တောက် မှုများ ရှိမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ထုတ်ပြန်သည်။