၂၀၂၃ ဇန်နဝါရီ ၂
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ် နှစ်သစ်ကိုကြိုဆို သည့်အခမ်းအနားများ ကျင်းပချိန်အတွင်း လျှပ်စစ်ဓာတ်အားမပြတ် တောက်ရေး ကြိုးပမ်းဆောင်ရွက်နေချိန် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)သို လျှပ်စစ်ဓာတ်အား (၂၅၀) မဂ္ဂါဝပ် ခန့် ပိုလွှတ်ဖြန့်ဖြူးပေးလျက်ရှိသော ၂၃၀ ကေဗွီ တောင်ငူ-သာယာကုန်း မဟာဓာတ်အားလိုင်း၏ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ညောင်လေးပင် ခရိုင်၊ ကျောက်တံခါးမြိုအနီးရှိ တာဝါတိုင်(၁)တိုင်ကို NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများမှ ယမန်နေ့ ဇန်နဝါရီ ၁ ရက်နေ့ နံနက် ၁) နာရီ၌ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ယင်းသိုဖောက်ခွဲဖျက်ဆီးမှုကြောင့် တာဝါတိုင်တိမ်းစောင်းသွားခဲ့သဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများက ယနေ့ မွန်းလွဲ ၁နာရီမှစတင်ကာ တာဝါတိုင်လဲကျ၍ ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေး အမြန်ဆုံးပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုအတူ ပုံမှန်ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှ ပုံမှန်ပိုလွှတ်နေ သည့် ဓာတ်ငွေ့ပမာဏထက် လျှော့ချပိုလွှတ်နေစဉ် (၃၁-၁၂-၂၀၂၂) ရက်နေ့ (၁၁:၀၀) နာရီခန့်တွင် ရတနာကမ်းလွန်ပလက်ဖောင်းပေါ်ရှိ ဓာတ်ငွေ့ ဖိအား ထိန်းချုပ်စနစ်ချိုယွင်းကာ မူလဓာတ်ငွေ့ ပိုလွှတ်မှု ပမာဏထက်လျော့ကျခဲ့၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝ ဓာတ်ငွေ့စက်ရုံများမှ စုစုပေါင်းထုတ်လုပ်မှု (၅၃၀) မဂ္ဂါဝပ်ခန့် လျော့နည်းခဲ့သဖြင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ဓာတ်အား တိုးမြှင့်ထုတ်လုပ်ခြင်း၊ ဓာတ်အားစနစ်ကွန်ရက် တည်ငြိမ်မှု ရှိစေရန်အတွက် အခြားသော ၂၃၀ ကေဗွီ ဓာတ်အားလိုင်းများမှ ဝန်အားမျှ၍ ပို့လွှတ်ဖြန့်ဖြူးခြင်းများကို ဆောင်ရွက်လျက် ရှိကြောင်း ထုတ်ပြန်ထားသည်။
ထိုကြောင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ၂၃၀ ကေဗွီ တောင်ငူ-သာယာကုန်း မဟာဓာတ်အားလိုင်း တာဝါတိုင်အား အမြန်ဆုံးပြုပြင်ဆောင်ရွက်လျက်ရှိသလို ရတနာ ကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်းမှ သဘာဝဓာတ်ငွေ့အမြန်ဆုံး ပြန်လည်ရရှိရေး ကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အဆိုပါ ပြင်ဆင်မှုလုပ်ငန်း များ ဆောင်ရွက်နေ ချိန်အတွင်း မလွှမရှောင်သာ ဓာတ်အားထိန်းညှိဖြန့်ဖြူးခြင်းများ ဆောင်ရွက်ရမှုအပေါ် ပြည်သူလူထုအနေဖြင့် နားလည်ပေးနိုင်ပါရန် သတင်းထုတ်ပြန်ထားသည်။