Breaking

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၉
    ၂၀၂၄ ခုနှစ် ဇွန်လအစပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသည့် လူနာများရှိခဲ့ပြီး ထိုသို့ဖြစ်ပွားခြင်းသည် နှစ်စဉ်မိုးရာသီကာလတွင် ပုံမှန်အတိုင်း ဖြစ်ပွားမှုအနေဖြင့်သာရှိခဲ့ပြီး ယခုနှစ် ဇွန်လကုန်ပိုင်းလောက်မှ စတင်၍ သာကေတမြို့နယ် အပါအဝင် ရန်ကုန်အရှေ့ပိုင်းခရိုင်မြို့နယ် အချို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသည့် လူနာအချို့သည် ပြည်သူ့ဆေးရုံများသို့ တက်ရောက်ခဲ့ပြီး လက်ရှိအချိန်ထိ ရောဂါကြောင့် သေဆုံးသည့် လူနာမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။
    ထုတ်ပြန်ချက်တွင် ပြင်းထန်ဝမ်း ပျက်ဝမ်းလျှောရောဂါသည် ဘက်တီးရီးယား ပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများ အစာအိမ်နှင့် အူလမ်းကြောင်းအတွင်းသို့ ဝင်ရောက် ခြင်းကြောင့်ဖြစ်ပွားပြီး အဆိုပါရော ဂါပိုးများသည် ယင်နားစာစသည့် မသန့်ရှင်းသည့် အစားအစာများနှင့် မသန့်ရှင်းသည့် ရေတို့မှတစ်ဆင့် လည်းကောင်း၊ လက်မသန့်စင်ခြင်းစသည့် တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းကြောင့်လည်းကောင်း၊ ယင်မလုံသည့် အိမ်သာနှင့် အိမ်သာကန်များမှ တစ်ဆင့်လည်းကောင်း ရောဂါအဆင့်ဆင့် ကူး စက်ဖြစ်ပွားကြောင်း သိရသည်။
    ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါကို ကာကွယ်နိုင်ရေးအတွက် ယင်နားစာစသည့် မသန့်ရှင်းသည့် အစားအစာများ ကိုမသုံးစွဲခြင်း၊ FDA အသိအမှတ်ပြုသောက် ရေသန့် (သို့မဟုတ်) ရေသန့်စင်ဆေးပြားအသုံးပြု၍ သန့်စင်ထားသည့်ရေ(သို့မဟုတ်) ဆူပွက်အောင်ကျိုချက်ထားသည့် ရေစသည့်  သန့်ရှင်းသည့်ရေကိုသာ သောက်သုံးခြင်း၊ အစားအစာများကို မစားသုံးမီနှင့်အိမ်သာမှ အထွက်တွင် လက်ကိုဆပ်ပြာနှင့် ရေအသုံးပြု ၍ စနစ်တကျ သန့်စင်ဆေးကြောခြင်း၊ သန့်ရှင်းသည့် ယင်လုံအိမ်သာ (သို့မဟုတ်) ယင်လုံသည့် မိလ္လာကန်ကို အသုံးပြုခြင်းနှင့် ယင်ကောင်ပေါက်ဖွားမှု နည်းပါးစေရေးအတွက် စားကြွင်း၊ စားကျန်များအပါအဝင် အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် လိုအပ်ကြောင်း အသိပေးထား သည်။ 
    ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှော ရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ပြည်သူ့ဆေးရုံများ သို့သွားရောက်၍ စောစီးစွာ ကုသမှုခံယူသင့်ပါကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
    ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှောခြင်းကြောင့် ဆေးရုံတက်လူနာ ရှစ်ဦး၊ ဆေးရုံပြင်ပလူနာ နှစ်ဦး၊ ကျန်းမာရေးဌာနမှ ကွင်းဆင်းကုသပေးစဉ် တွေ့ရှိခဲ့ရသော လူနာနှစ်ဦး၊ စုစုပေါင်း ဝမ်းပျက်ဝမ်းလျှော လူနာဦးရေ ၁၂ ဦး ရှိခဲ့ရာ ၎င်းင်းတို့အနက်မှ တစ်ဦးသည် ဝမ်းပျက်ဝမ်း လျှောရောဂါကြောင့်မဟုတ်ဘဲ ခုခံအားကျဆင်းမှု ရောဂါအခံရှိ၍ သေဆုံးခဲ့ကြောင်း သိရသည်။

Total Views ~ 344

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43847

© 2022 - 2025 News. All Rights Reserved.