Breaking

ရန်ကုန်တိုင်းအခြေစိုက် ညီညွတ်ရေးနှင့်ဖွံ့ ဖြိုးတိုးတက်ရေးပါတီက စက်တင်ဘာမတိုင်မီ ရုံးပေါင်း ၂၀ ကျော် အပြီးဖွင့်လှစ်ရန် စီစဉ်

ရန်ကုန်၊ ဇွန် ၂၆ 
    ရန်ကုန်တိုင်း‌ဒေသကြီးအခြေစိုက် ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ (UADP) က စက်တင် ဘာမတိုင်မီ မြို့နယ် ပါတီရုံး ၂၀ ကျော်အထိ အပြီးဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။
    ယခင်က ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၄၄ မြို့နယ်အထိ ပါတီရုံးများဖွင့်လှစ်ရန် မျှော် မှန်းထားသော်လည်း အထွေထွေရွေး‌ကောက်ပွဲကြီး နီးလာပြီဖြစ်၍ ရုံးပေါင်း ၂၀ ကျော်ကိုသာ စက်တင်ဘာမတိုင်မီ အပြီးဖွင့်လှစ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဦးက ပြောသည်။
    ပါတီရုံးကတော့ အခုဆိုရင် ၁၁ ရုံးဖွင့်ပြီးပြီ။ လူဦးရေလည်း ပြည့်ပြီ။ လာမယ့် ဇူလိုင် ၅ ရက်မှာလည်း တွံတေးမှာဖွင့်ဖို့ လျာထားတယ်။ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့် အဲဒီမြို့နယ်တွေကိုလည်း အလျဉ်းသင့်ရင် သင့်သလို မိုးတွင်းပိုင်းမှာ ဖွင့်ဖို့ အစီအစဉ်‌တွေ အများကြီးရှိပါတယ်။ ဖွင့်ဖို့မျှော်မှန်းထားတာကတော့ ရန်ကုန်တိုင်းမှာ ၄၄ မြို့ နယ်လုံးဖွင့်ဖို့ မျှော်မှန်းထားတာပါ။ ဒါပေမဲ့ ရွေးကောက်ပွဲကလည်း နီးပြီဆိုတော့ အနည်းဆုံး ရုံး ၂၀ ကျော်အထိဖွင့်ဖို့ လျာထားပါတယ်။ ၉ လပိုင်းအကုန် အပြီးဖွင့်ဖို့ လျာထားပါတယ်"ဟု ဒေါက်တာခင်မောင်ဦး ကပြောသည်။
    ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီသည် လက်ရှိတွင် သာကေတမြို့နယ်တွင် ပါတီရုံး ချုပ်ဖွင့်လှစ်ထားပြီး ပါတီ မြို့နယ်ရုံးများအဖြစ် ဆိပ်ကြီးခနောင်တို၊ လှည်းကူး၊ စမ်းချောင်း၊ အင်းစိန်၊‌ ဒေါပုံ၊ တိုက်ကြီး၊ ဒလ၊ သန်လျင်၊ တောင်ဥက္ကလာပ၊ အလုံ စသည့် မြို့နယ်များတွင် ဖွင့်လှစ်ထား ခြင်းဖြစ်သည်။ ညီသစ်

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45815

© 2022 - 2025 News. All Rights Reserved.