ရန်ကုန်၊ ဧပြီ ၁
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဟိုတယ်လုပ်ငန်းလိုင်စင်လေးခုနှင့် ဟိုတယ်တည်ဆောက်ခွင့် တစ်ခုတို့ကို တိုင်းဒေသကြီး အစိုးရမှ အတည်ပြု ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၄) ကြိမ်မြောက်အ စည်းအဝေးကို မတ် လ ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၄)၌ ကျင်းပခဲ့ပြီး ယင်းသို့ အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ကော်မတီဝင်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာ ကော်မ တီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ် ငန်းကော်မတီသည် ဟိုတယ်လုပ်ငန်းလိုင်စင်လေးခု၊ ဟိုတယ်တည်ဆောက်ခွင့်တစ်ခု၊ စုစုပေါင်းအခန်း ၄၅၂ ခန်းတို့ကို အတည်ပြုပေးခဲ့ကာ ဟိုတယ်လုပ်ငန်းအတွက် ခွင့်ပြုမတည်ငွေနှင့် ရင်းနှီးငွေပမာဏ စုစုပေါင်းမှာ ကျပ်သိန်း ၂၀၇၄၂၅ ဒသမ ၃၉ နှင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၃၀ သန်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ထု့ိအပြင် ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင် (ပြည်တွင်း/ပြည်ပ) ၆၄ ခု၊ ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင် (ပြည်ပ) ၄၂ ခု၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင် စင် ၂၁ ခုနှင့် ပြည်တွင်းဘုရားဖူး ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း အသိအမှတ်ပြုလက်မှတ် ၂၂ ခုတို့အား အတည်ပြုပေးခဲ့ပြီး အတည်ပြုပေးခဲ့သော လုပ်ငန်းလိုင်စင်အားလုံးသည် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် ဟိုတယ်လုပ်ငန်းမှ ၁၃၉ ဦး၊ ခရီး လှည့်လည်ရေးလုပ်ငန်းမှ ၂၉၈ ဦး၊ စုစု ပေါင်း ၄၃၇ ဦးအတွက် အလုပ်အကိုင်အခွင့်လမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ အစည်းအဝေးတွင် လိုင်စင်ဆိုင်ရာကိစ္စရပ်များ အတည်ပြုပေးခဲ့ပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များဆွေး နွေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် (၂/၂၀၂၃)တွင် ဘဏ်လုပ်ငန်းလိုင်စင်ခြောက်ခု၊ ဟိုတယ်တည်ဆောက်ခွင့်တစ်ခု၊ တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင် နှစ်ခု၊ တည်းခိုရိပ်သာ တည်ဆောက်ခွင့်တစ်ခု စုစုပေါင်းအခန်း ၄၇၄ ခန်းတို့ကို အတည်ပြုပေးခဲ့ပြီး မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဖြစ်သော ဟိုတယ်လုပ်ငန်းအတွက် ခွင့်ပြုမတည်ငွေနှင့် ရင်းနှီးငွေ ပမာဏ စုစုပေါင်းကျပ်သိန်း ၂၃၁၁၁၀ ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၈၉ ဦးသာ ခွင့်ပြု ပေးနိုင်ခဲ့သဖြင့် (၁/၂၀၂၄)ကြိမ်မြောက် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းတွင် ပိုမိုခွင့်ပြုပေးနိုင်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။