၂၀၂၃ ဇွန် ၂၅
ဟိုတယ်နှင့် ခရီးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်နှင့် မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့်ဆွေးနွေးပွဲများဆိုင်ရာလုပ်ငန်းအသင်း ဥက္ကဋ္ဌတို့ ဇွန်လ (၂၃) ရက်က ရန်ကုန်မြို့၌ တွေ့ဆုံစဉ် အဆိုပါ ကိစ္စကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ “Let’s Go VACS YANGON Travel Fair 2023” ခရီးသွားပြပွဲတွင် ပြခန်းပေါင်း (၁၂၀) ကျော် ပါဝင်ပြသသွားမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဆက်စပ်အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းမှ ကိုယ်စားလှယ်အဖွဲ့တို့နှင့် တွေ့ဆုံကာ ရုရှားနိုင်ငံမှ ခရီးသွားစာရေးဆရာများ၊ သတင်းမီဒီယာများ၊ ခရီးသွားလုပ်ငန်းဆောင်ရွက်သူများပါဝင်သော ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ်များ (Familiarization-FAM Trip) စီစဉ်နိုင်ရန် ပြင် ဆင်နေမှုများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့အတူ မွန်းလွဲပိုင်း၌ အိန္ဒိယ-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များအသင်း (India Myanmar Chamber of Commerce -IMCC) နာယက၊ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ အိန္ဒိယ - မြန်မာ နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကို အာဆီယံ အပေါင်း အိန္ဒိယ၊ ဘင်းမ်စတက် (စ်) နှင့် မဲခေါင် - ဂင်္ဂါခရီးသွား လုပ်ငန်းမူဘောင်အတွင်းမှ အကောင်အထည်ဖော်လျက်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။
၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့ အိန္ဒိယ ခရီးသွားဧည့်သည် (၁) သိန်းကျော် ဝင်ရောက်ခဲ့ပြီး ကိုဗစ် (၁၉) ရောဂါဖြစ်ပွားမှုကြောင့် လျော့နည်းကျဆင်းခဲ့ရာမှ ကိုဗစ် (၁၉) ရောဂါဆိုင်ရာ ကန့်သတ်ထိန်းချုပ်မှုများ ဖြေလျှော့ပေးပြီးနောက် ယခုနှစ် မေလအထိ ဝင်ရောက်မှုမှာ ယခင်နှစ်အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၂၄၄ ရာခိုင်နှုန်းပြန်လည်တိုးတက်လာကြောင်း သိရသည်။