၂၀၂၃ နိုဝင်ဘာ ၂၀
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ရှင်များအသင်း(MGMA)နှင့် မြန်မာနိုင်ငံရှိ ပြည်ပ အထည်ချုပ်လုပ်ငန်းရှင်အသင်းများ ဖြစ်သော ကိုရီးယား (KOGAM)၊ ဂျပန် (JGMA)၊ ဟောင်ကောင် (HKMMA) တို့မှ အသင်းဝင်စက်ရုံများ၏ Pavilion ပြခန်းများပါဝင်သည့် တရုတ်-မြန်မာနှစ်နိုင်ငံ အ ထည်အ လိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ ၂၀၂၃ ကို ရန်ကုန်မြို့ Yangon Conven-tion Center တွင် ၂၀၂၃ ဒီဇင်ဘာ ၈ ရက် မှ ၁၀ ရက်အထိသုံးရက်တာ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်မှ ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့် Chinese Textile & Garment Association In Myanmar (CTGA) တို့ ပူးပေါင်းကာ တရုတ်-မြန်မာနှစ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြ ပွဲ ၂၀၂၃ ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုန်စည်ပြပွဲတွင် တရုတ်နိုင်ငံမှ အမှတ်တံဆိပ် ၂၅ ခုနှင့် အထည်အလိပ်နှင့် အဝတ်အထည်၊ ဖိနပ်နှင့် အိတ်ထုတ်လုပ်သူ ၁၀၀ ကျော်တို့သည် ၎င်းင်းတို့၏ ထုတ်ကုန်များကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ြေိန ငည ပြညောမေ ထုတ်ကုန်များဖြစ်သော အဝတ်အထည်၊ ပြည်တွင်းထုတ် ဖိနပ်နှင့် အိတ်များကိုလည်း ပြသသွားမည်ဖြစ်ပြီး ပြည်တွင်း ှနြ လုပ်ငန်းများအား အရောင်းမြှင့်တင်ခြင်း၊ မိတ် ဆက်ခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင် များအသင်းမှ သိရသည်။
ပြပွဲအတွင်း အာဆီယံနိုင်ငံများမှ အထည်ချုပ်လုပ်ငန်းရှင် င်္ဗွှနဌ ကိုယ်စား လှယ်များကလည်း အာဆီယံနိုင်ငံများ၏ အထည်အလိပ်နှင့် အဝတ်အထည် ကဏ္ဍတို့၏ အနာဂတ်အလားအလာများကို Made in Myanmar များဖြင့် မျှဝေပေးသွားမည် ဖြစ်ပြီး ပြပွဲသို့လာရောက်မည့်သူများ အနေဖြင့်လည်း သက်ဆိုင်ရာပြခန်းများမှ ကိုယ်စားလှယ်များနှင့် တိုက်ရိုက်ဆက်သွယ်နိုင်မည့် အခွင့်အရေးများ ရရှိမည်ဖြစ်ကာ လုပ်ငန်းပိုင်းဆိုင်ရာများတွင်လည်း အကျိုးတူပူး ပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း ရှင်များအသင်းမှသိရသည်။