ရန်ကုန်မြို့ ပန်းဆိုးတန်းခုံးကျော်တံတားအောက်တွင် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲမှုဖြစ်ပွား

၂၀၂၃ ၊ မတ် ၁၅

ယမန်နေ့( မတ် ၁၄)နံနက် ၇နာရီ ၅၅မိနစ် အချိန်က  ဗိုလ်တထောင်ခရိုင် မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူမီးရထား ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်း ပန်းဆိုးတန်းခုံးကျော်တံတားအောက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းအရ ပူးပေါင်းအဖွဲကသွားရောက်စစ်ဆေးရာ ပန်းဆိုးတန်း ခုံးကျော်တံတား အတက်/အဆင်းလှေကားနံဘေး တံတားအောက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရပြီး ထပ်မံစစ်ဆေးခဲ့ရာ ပေါက်ကွဲ သည့်နေရာမှ 9 V ဓာတ်ခဲ ၁ လုံး၊ ဆားကစ် ၁ ခု၊ ဖန်ပုလင်းကွဲအပိုင်းအစများ၊ မကွဲသေးသည့် ဒီတိုနေတာ ၁ ခုတိုအားတွေ့ရှိသိမ်းဆည်းခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူ/အဆောက်အဦ ထိခိုက် ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။

ထိုကြောင့် လက်လုပ်မိုင်းဖောက်ခွဲသွားသူအားဖမ်းဆီးရမိရေး သက်ဆိုင်ရာမှ  စုံစမ်းလျက်ရှိကြောင်း သိရသည်။

Total Views ~ 313

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43351

© 2022 - 2025 News. All Rights Reserved.